£500 (မြန်မာငွေ 8 သိန်းနီးပါး) တန် Network Security Course တစ်ခုကို Free ရအောင်ယူနည်း

UNICODE

အားလုံးပဲမင်္ဂလာပါ .. ဒီနေ့မှာတော့ £500 တန် Network Security Course ကို Free ရအောင်ယူနည်းပြောပြပေးသွားမှာဖြစ်ပါတယ်

ဒီ Course ရဲ့ နာမည်အပြည့်အစုံကတော့ Certified Network Security Specialist (CNSS) ဖြစ်ပြီး UK အခြေစိုက် International Cyber Security Institute (ICSI) က ပို့ချပေးတာဖြစ်ပါတယ် .. အခု COVID-19 ကြောင့် အိမ်မှာနေနေရတဲ့လူတွေအတွက် သူတို့ရဲ့ Course တစ်ခုကို Free ပေးလိုက်တာပါ

အခု Free ပေးတဲ့ Version မှာတော့ Online Lab တွေနဲ့ Exam Voucher Code ပါမှာမဟုတ်ပါဘူး .. Online Lab နဲ့ Exam Voucher Code ကို £75 (မြန်မာငွေ 1 သိန်းကျော်) နဲ့ဝယ်ယူလို့ရပါတယ် .. အခု Free ပေးနေတဲ့ Course မှာ Exam Voucher Code မပါပေမယ့် Certificate of Completion ပေးမှာဖြစ်လို့ Network သမားတွေတက်ရောက်ထားသင့်တဲ့ Course တစ်ခုပါပဲ .. အဆိုပါ Course ကို May 31 ရက်နေ့ထိ Free Enroll လုပ်နိုင်မှာပါ

ဒီ Course မှာတော့ သင်ခန်းစာ 94 ခုပါဝင်ပြီး Module 13 ခုခွဲထားပါတယ် … အဆိုပါ Module တွေကိုတော့ အောက်ကပုံမှာကြည့်နိုင်ပါတယ်

ကဲဒီတော့ Free ရအောင်ယူနည်းလေးစလိုက်ရအောင် .. အရင်ဆုံး https://www.icsi.co.uk/users/sign_up ကိုသွားပြီး Account Create လုပ်ပါ

Account Create လုပ်ပြီးပါက ဒီ Link ကိုသွားပြီး Purchase နှိပ်ပါ .. https://www.icsi.co.uk/courses/icsi-cnss-certified-network-security-specialist-covid-19 .. အဲ့ဒီအချိန် Total Price မှာ £500 ဆိုပြီးပြနေပါလိမ့်မယ် .. စိတ်မပူပါနဲ့ .. Have a coupon? ဆိုတဲ့နေရာလေးကိုနှိပ်ပြီး  #StaySafeHome ဆိုတာလေးရေးပြီး Apply လုပ်ပေးပါ .. ကျွန်တော့်တုန်းက Invalid Coupon ဆိုပြီးပြပါတယ် .. 3 ခါလောက် ရေးလိုက် Apply လိုက် လုပ်အပြီးမှာတော့ Valid ဖြစ်သွားပါတယ်

Valid ဖြစ်သွားရင်တော့ Course ကိုစတင်ပြီး Learn လုပ်လို့ရပါပြီ .. အားလုံးပဲအဆင်ပြေကြပါစေ

Source : ICSI

ZAWGYI








Source : ICSI