Power Bank တစ်လုံးဝယ်ရင် ဘယ်အချက်တွေကို ကြည့်ပြီးမှဝယ်သင့်သလဲ?

UNICODE

Power Bank တစ်လုံးဝယ်ရင် ဘာတွေကြည့်သင့်လဲ?

1. Capacity

Power Bank တစ်လုံးမှာ Battery ပမာဏဘယ်လောက်ပါလဲဆိုတာကို mAh နဲ့ဖော်ပြလေ့ရှိပါတယ် .. ဒီလိုဖော်ပြထားတဲ့ mAh တွေဟာလည်း အပြည့်သုံးလို့ရမှာမဟုတ်ပါဘူး

ဥပမာ – သင့်ဖုန်းက 5,000mAh Battery ပါလို့ 10,000mAh Power Bank ဝယ်ရင် အားအပြည့် ၂ ခါသွင်းလို့ရမယ်လို့ မှတ်ယူမိရင်မှားပါတယ်

Power Bank တွေဟာ ဖော်ပြထားတဲ့ Capacity အတိုင်း ဘယ်တော့မှအပြည့်အဝထုတ်ပေးနိုင်မှာမဟုတ်ပါဘူး .. ဘာလို့လဲဆိုတာတော့ အသေးစိတ်ရှင်းမပြတော့ပါဘူး .. ဒီ Link မှာ သွားဖတ်လို့ရပါတယ် – https://blog.banggood.com/the-secret-marketing-trick-behind-powerbank-capacity-29982.html

ဒါကြောင့် ကိုယ်အားသွင်းမယ့် Device တွေရဲ့ Battery Capacity ကိုတွက်ချက်ပြီး အဲ့ထက်ပိုများတဲ့ Capacity ပါဝင်တဲ့ Power Bank ကိုရွေးချယ်သင့်ပါတယ်

2. Ports

Power Bank တစ်လုံးမှာ အရေးအကြီးဆုံးက Port လို့ပြောလို့ရပါတယ် .. iPhone တွေမှာ Fast Charge ရချင်ရင် Power Delivery (PD) Support လုပ်တဲ့ Power Bank ကိုရွေးချယ်ရပါမယ်

PD ဟာ Type C နဲ့ အလုပ်,လုပ်တာကြောင့် Power Bank ရဲ့ Output Port မှာ Type C တစ်ပေါက်အနည်းဆုံး ပါရမှာဖြစ်ပြီး အဲ့ Type C ဟာလည်း 18W အထက်နှုန်းနဲ့ အားသွင်းပေးနိုင်ရမှာဖြစ်ပါတယ် (ပါလာတဲ့ Type C က Input Only ဆို မရဘူးနော် .. Input Only ဆို Power Bank ကို အားသွင်းလို့ပဲရပါမယ် .. Power Bank ကနေ တခြား Device ကို အားပြန်သွင်းပေးမယ်ဆိုရင် မရတော့ဘူး)

Laptop တွေပါ အားသွင်းချင်ရင်တော့ ကိုယ့် Laptop က ဘယ်လောက် Watt (W) နှုန်းနဲ့ အားသွင်းရလဲဆိုတာသိထားရပါမယ် .. 140W နှုန်းနဲ့အားသွင်းရတဲ့ Laptop ကို 22W ပဲထွက်တဲ့ Power Bank နဲ့ အားသွင်းရင်းသုံးနေမယ်ဆိုရင် အားကတက်မလာတဲ့အပြင် ကျပါကျနေမှာပါ (ကျတာတော့နှေးသွားမှာပေါ့လေ)

တခြား Accessories တွေပါ အားသွင်းချင်သေးတယ်ဆိုရင် Port များပြီး၊ Port စုံတဲ့ Power Bank မျိုး​ ရွေးချယ်ဖို့ မဖြစ်မနေလိုအပ်ပါတယ်

3. Brand

ဒီအချက်ကတော့ သိပ်စဥ်းစားစရာမလိုပါဘူး .. ပိုက်ဆံပေါတဲ့လူတွေအတွက် ပြောပြတာပါ .. ဈေးကြီးတဲ့ Brand တွေဟာ Battery Protection နည်းပညာ ကောင်းကောင်းသုံးပေးထားတာကြောင့် စိတ်ချရတယ်ပေါ့ဗျာ .. ကျွန်တော် Recommend ပေးချင်တဲ့ Brand တွေကတော့ –

– Xiaomi

– Hyper Juice

– Satechi

– Native Union

– Anker

– Morphie

– Belkin

Pyae Heinn Kyaw