UNICODE
သီချင်းဖွင့်ထားပြီး Facebook App ထဲဝင်လိုက်တဲ့အချိန် သီချင်းသံရပ်သွားတာကို ဘယ်လိုဖြေရှင်းကြမလဲ?
ဒီပြဿနာကအားလုံးကြုံဖူးကြမှာပါ .. ပုံမှန်အားဖြင့် အဲ့လိုမျိုးရပ်သွားရင် Facebook App ကို Recent ကရှင်း၊ ပြီးရင် Facebook App ထဲပြန်ဝင်၊ Music ကို Control Centre ကနေ Play ပြန်လုပ်မှ ဖွင့်လို့ရသွားတတ်ပါတယ်
အဲ့လိုမျိုးခဏခဏလုပ်ရတာအလုပ်ရှုပ်တယ်ဆိုရင် အောက်ကအချက်တွေကို လိုက်လုပ်ထားလိုက်ပါ .. ဒါဆိုသီချင်းဖွင့်ထားပြီး Facebook App ထဲဝင်လည်း သီချင်းရပ်မသွားတော့ပါဘူး (ကျွန်တော့်အတွေ့အကြုံအရပြောတာပါ .. လူတိုင်းမှာအလုပ်ဖြစ်ချင်မှဖြစ်ပါလိမ့်မယ်)
ကဲစလိုက်ကြရအောင်
Facebook App ထဲရဲ့ Settings > Media ထဲမှာ “Never autoplay videos” ကိုရွေးပေးထားပြီး “Videos start with sound” ကိုပိတ်ပေးထားလိုက်ပါ
ပြီးရင် iPhone Settings ထဲသွားပြီး Facebook ထဲဝင်ပါ .. ပြီးရင် Camera ကိုပိတ်ပေးထားလိုက်ပါ .. ဒီလိုပိတ်ထားရင်တော့ Facebook ကနေ Camera တန်းရိုက်လို့ရတော့မှာမဟုတ်ပေမယ့် သီချင်းဖွင့်ထားရင်း Facebook ထဲဝင်လိုက်ရင် အရင်လို သီချင်းသံရပ်သွားတော့မှာမဟုတ်ပါဘူး