Welcome

Apple Store ကဝန်ထမ်းတွေအသုံးပြုမယ့် Greeting Card ကိုမိမိရဲ့ကိုယ်ပိုင် Memoji နဲ့ဖန်တီးနည်း

UNICODE

July 31 ရက်နေ့တုန်းက Apple ဟာသူ့ရဲ့ ဒုတိယအကြီးဆုံး Retail Store ကို ထိုင်းနိုင်ငံမှာဖွင့်လှစ်သွားခဲ့ပါတယ် .. အဲ့ထိုင်းနိုင်ငံမှာဖွင့်လှစ်တဲ့ Apple Store မှာ ဝန်ထမ်းတွေဟာ သူတို့ရဲ့မျက်နှာနဲ့ပြုလုပ်ထားတဲ့ Memoji နဲ့ Name ကိုတွဲပြီး ထုတ်ထားတဲ့ Greeting Card ကိုပါ လည်ပင်းမှာချိတ်ဆွဲပြီး Visitor တွေကိုဧည့်ခံမှာပါ

နောက်ပိုင်းကျရင် ကမ္ဘာအနှံ့က Apple Store အသီးသီးမှာ ဒီ Greeting Card လေးကို အသုံးပြုသွားမယ်လို့သိရပါတယ်

ဒီနေ့မှာတော့ အဆိုပါ Apple Store Employee တွေအသုံးပြုတဲ့ Memoji Card လေးကို မိမိတို့ရဲ့ Memoji နဲ့ကိုယ်တိုင်ဖန်တီးလို့ရမယ့် နည်းလမ်းလေးကိုမျှဝေပေးသွားမှာဖြစ်ပါတယ်

Step 1 – iOS 13 နဲ့အထက်ရှိရပါမယ် .. Settings > Shortcuts > Allow Untrusted Shortcuts ကို On ထားပေးပါ .. ဒါမှ Shortcut အသစ်တွေသွင်းလို့ရပါမယ် .. On လို့မရရင် Shortcuts App ထဲမှာ မိမိကိုယ်တိုင် Shortcut တခုဖန်တီးပြီး အဲ့ Shortcut ကို အရင် Run ပေးလိုက်ပါ .. ဒါဆိုဖွင့်လို့ရသွားပါလိမ့်မယ်

Step 2 – အောက်မှာပေးထားတဲ့ Link ကို Safari ကနေဖွင့်လိုက်ရင် Shortcuts App ထဲအလိုလိုရောက်သွားပါလိမ့်မယ် .. အဲ့ကျရင် အောက်ဆုံးထိဆွဲချပြီး Add Untrusted Shortcut ကိုနှိပ်ပါ

Link – https://www.icloud.com/shortcuts/43224c9a43f94646a9fa033bbf2f6852

Step 3 – Note ထဲသွားပြီး ကိုယ်လုပ်ချင် Memoji ပုံလေးရွေးလိုက်ပါ .. မှတ်ချက် – Memoji ဟာ iOS 13 တင်ထားရင် iOS Emoji Keyboard မှာ အလိုအလျောက်ပါလာပါတယ်

Step 4 – Memoji ပုံလေးကို 3D Touch နဲ့ဖိပြီး Share ကိုနှိပ်ပါ

Step 5 – ပုံထဲမှာပြထားသလို Apple Store Memoji Badge ကိုရှာပြီးနှိပ်လိုက်ပါ

Step 6 – ဒီလိုပေါ်လာရင် ကိုယ့်နာမည်ရေးပေးလိုက်ပါ (အရမ်းရှည်ရင် Card နဲ့မဆန့်တော့တာ သတိပြုပါ)

Step 7 –  အရောင်ရွေးပါ

Step 8 – Save Image ကိုနှိပ်ပါ

Step 9 – သင့်ကိုယ်ပိုင် Memoji နဲ့ Apple Store ကဝန်ထမ်းတွေလို Greeting Card လေးရပါပြီ

PS .. Shortcut App ထဲကနေ Apple Store Memoji Badge Shortcut ကိုတိုက်ရိုက်သွား Run လို့လဲရပါတယ် .. အဲ့ကျရင် ​Photos ထဲမှာ Save ထားတဲ့ ကြိုက်နှစ်သက်ရာပုံနဲ့ ဖန်တီးလို့ရသွားမှာပါ

Credit : 9to5Mac

ZAWGYI











Step 7 –  အရောင်ရွေးပါ




Credit : 9to5Mac