AirPods Pro ကိုဝယ်သင့်လား? AirPods Pro Vs AirPods 2

UNICODE

Apple ဟာ AirPods 2nd Gen ဒီနှစ်လယ်ပိုင်းမှာကြေငြာခဲ့ပါတယ် .. Kuo ခန့်မှန်းချက်အရ Apple ဟာ 2019 အတွင်း AirPods 2 မျိုးထုတ်မယ်ဆိုတာ တကယ်မှန်ပါတယ် .. လွန်ခဲ့တဲ့ 2 ရက်ကပဲ AirPods Pro အသစ်ကို Apple Store ပေါ်မှာတင်ပြီး Pre-order အနေနဲ့ရောင်းချခဲ့ပါတယ် .. အခုဆိုရင်တော့ AirPods Pro ကို Store မှာသွားရောက်ဝယ်ယူနိုင်သလို Online order အနေနဲ့လဲ ဝယ်ယူလို့ရနေပါပြီ .. ထုံးစံအတိုင်း Online Order မှာရင် ကိုယ်လိုချင်တဲ့နာမည်ကို Laser နဲ့ရေးပေးတာကို free လုပ်ပေးပါတယ် .. AirPods Pro ဟာ နောက်ဆုံးထွက်ရှိခဲ့တဲ့ AirPods 2nd Gen နဲ့ $50 လောက်သာကွာပြီး Function ပိုင်းကတော့ တော်တော်လေးကွာသွားပါတယ်

Design

AirPods Pro ဟာ AirPods 2nd Gen ထက်ပိုသေးသွားပြီး ထိပ်မှာ Silicon Tips တွေပါဝင်လာပါတယ် .. ကိုယ့်နားနဲ့ကိုက်ညီမယ့် Silicon Tips ကိုရွေးချယ်နိုင်ဖို့ Size 3 မျိုးထည့်ပေးထားပြီး အဲ့ Silicon Tip တွေပျောက်သွားလို့ အစားထိုးဝယ်ယူမယ်ဆိုရင်တော့ $4 ကျသင့်မှာဖြစ်ပါတယ် .. အရင် AirPods 2nd Gen မှာတုန်းက နားထဲကပြုတ်ကျတာတွေ နား,နာတဲ့ ကိစ္စမျိုးတွေကို Silicon Size 3 မျိုးနဲ့ဖြေရှင်းလိုက်သလို အသံလုံဖို့အတွက်လဲ အထောက်အကူဖြစ်စေတာပါ .. Apple ဟာ customer တွေကိုအထူးဂရုစိုက်ပါတယ် .. တပ်ထားတဲ့ Silicon Tips တွေဟာ ကိုယ့်နားနဲ့သင့်တော်လားဆိုတာကိုပါ စစ်ဆေးပေးတဲ့ Ear Tip Fit Test ပါထည့်သွင်းပေးထားတာပါ

Size and Weight

AirPods Pro ဟာ အရင် AirPods 2nd Gen ထက်အနည်းငယ်ပိုလေးပါတယ် .. case ကလဲအနည်းငယ်ပိုကြီးသွားပါတယ်

Noise Cancellation

AirPods 2nd Gen မှာမရနိုင်တဲ့ Noise Cancellation ဟာ AirPods Pro မှာရရှိမှာဖြစ်ပါတယ် .. Noise Cancellation ဆိုတာ အလွယ်ပြောရရင် background သံတွေအားလုံးကိုဖျောက်ပစ်ပြီးတော့ ကိုယ်နားထောင်နေတဲ့အသံတစ်ခုတည်းကိုပဲကြားရအောင် လုပ်ပေးတဲ့နည်းပညာပဲဖြစ်ပါတယ် .. ဒီ function အလုပ်လုပ်နိုင်ဖို့အတွက် Audio core 10 နဲ့ microphone 2 လုံးထည့်သွင်းပေးထားပါတယ် .. 1 လုံးက အပြင်ကလာတဲ့အသံတွေကိုဖမ်းပြီး နားထဲမရောက်ခင် ဖျောက်ပေးလိုက်တာပါ .. ဒုတိယအလုံးကတော့ နားထဲမှာရောက်နေတဲ့အသံတွေကို ဖျောက်ပေးတာဖြစ်ပါတယ် .. အဆိုပါ process ကို 1 စက္ကန့်မှာ အကြိမ် 200 ထိလုပ်ဆောင်ပြီး Noise Cancellation ကိုလုပ်ဆောင်ပေးပါတယ်

AirPods Pro Control Center

Transparency Mode

ဒါလဲ AirPods 2nd Gen မှာမရနိုင်ပါဘူး .. Active Noise Cancellation ကြောင့်ကိုယ့်ဘေးကအသံတွေကိုမကြားနိုင်တော့တဲ့အခါ ဒါကြီးကအချိန်တိုင်းအဆင်ပြေမှာမဟုတ်တော့ဘူးဆိုတာ လူတိုင်းတွေးမိမှာပါ .. ဒါကိုဖြေရှင်းဖို့ Transparency Mode ကိုထည့်သွင်းပေးထားပါတယ် .. နားကြပ်က Force Sensor ကို long press ဖိထားရင် transparency mode ဖြစ်သွားပြီး ဘေးကအသံတွေပါကြားနိုင်မှာဖြစ်ပါတယ် .. Active Noise Cancellation ကိုပြန်သုံးချင်တဲ့ဆိုရင်တော့အဆိုပါ sensor ကိုပဲ long press ပြန်နှိပ်ပေးရမှာပါ

Force Sensor

Sound Quality

AirPods Pro မှာ Adaptive EQ လို့ခေါ်တဲ့ နားအနေအထားပေါ်မူတည်ပြီး EQ Settings တွေကို အလိုအလျောက်ချိန်ညိုှပေးမယ့် function တခုပါဝင်လာပါတယ် .. ဒီအပိုင်းကတော့ လက်တွေ့မကိုင်ကြည့်ရသေးလို့ သိပ်အများကြီးရေးလို့အဆင်မပြေပါဘူး .. သေချာတာကတော့ AirPods 2nd Gen ထက်အများကြီးပိုကောင်းသွားပါတယ်

Battery Life

AirPods 2nd Gen နဲ့ Battery life တူတူပါပဲ .. တကြိမ်အားသွင်းထားရုံနဲ့ 5 နာရီထိနားထောင်လို့ရပါတယ် .. Active Noise Cancellation နဲ့ Transparency Mode ကိုသုံးထားရင်တော့ 4 နာရီခွဲသာခံမှာဖြစ်ပါတယ် .. ပြီးတာနဲ့ Case ထဲပြန်ထည့်ပြီးအားသွင်းထားရုံပါပဲ .. Case ထဲက battery ပါဆိုရင်တော့ 24 နာရီခံမှာဖြစ်ပါတယ်

Water Resistance

AirPods 2nd Gen ဟာ ရေစိုမခံပေမယ့် AirPods Pro မှာတော့ ရေစိုခံလာပါပြီ .. AirPods Pro ဟာ IPX4 Water Resistance ဖြစ်ပြီးရေနဲ့ ချွေးစိုခံပါတယ် .. တခုသတိထားရမှာက ရေစိုခံတာပါ ရေစိမ်ခံတာမဟုတ်ပါဘူး (တကယ်တမ်းပြောရရင်ရေစိမ်လို့တော့ရတယ်ဗျ .. ဘယ် AirPods မှထမပြေးဘူးလေ :3)

Hey Siri and Bluetooth

Hey Siri နဲ့ Voice Command တွေခိုင်းဖို့အတွက် H1 Chip ကိုထည့်သွင်းပေးထားသလို Bluetooth 5.o ကို support လုပ်ပါတယ် .. PUBG လိုဂိမ်းမျိုးဆော့ရင်တော့ latency အနည်းဆုံးနဲ့ဆော့နိုင်မှာပါ

Internal Design

Replacing AirPods Pro

သင့် AirPods Pro က တဖက်ပျောက်သွားလို့ပြန်ဝယ်ဆိုရင် တဖက်စာကို $89 ကျသင့်မှာပါ .. တစုံလုံးပြန်ဝယ်မယ်ဆိုရင်တော့ $178 ကျသင့်မှာဖြစ်ပြီး .. Case သီးသန့်ဆိုရင်တော့ $89 ကျသင့်မှာဖြစ်ပါတယ် .. ဒါပေမယ့် AppleCare+ သာဝယ်ထားမယ်ဆိုရင်တော့ ဘာလုပ်လုပ် $29 သာကျသင့်မှာဖြစ်ပါတယ်

AppleCare+ အကြောင်းဖတ်ရန် – https://www.pyaeheinnkyaw.tech/the-pros-of-apple-care/
အသစ်ပြောင်းလဲလိုက်သော AppleCare+ plan များ – https://www.pyaeheinnkyaw.tech/new_applecare_plan/

What’s In the Box?

Lightning to USB-C အားသွင်းကြိုးပါမှာဖြစ်လို့ iPhone 11 Pro Series ဝယ်ထားတဲ့လူတွေအတွက် Adapter ထပ်ဝယ်စရာမလိုတော့ပါဘူး .. တခြားလူတွေအတွက်တော့ Adapter ထပ်ဝယ်ရင်ဝယ် မဝယ်ရင် သူ့မှာပါလာတဲ့ Lightning to USB-C ကို သိမ်းထားပြီး Lightning to USB cable သာဆက်သုံးရမှာပါ .. အော်  ဒါနဲ့ Case က Wireless charging ရတယ်နော် .. အရောင်အနေနဲ့ကတော့ အဖြူတမျိုးပဲရွေးချယ်လို့ရမှာပါ .. ဈေးကတော့ $249 ဖြစ်ပြီး မြန်မာငွေ 4 သိန်းကျော်ပါတယ်

AirPods Pro Vs AirPods 2

AirPods Pro Vs AirPods 2

အချုပ်အနေနဲ့ပြောရမယ်ဆိုရင်တော့ ခုမှ AirPods ဝယ်မယ့်လူတွေဒါမှမဟုတ် AirPods 1 ကနေ Upgrade လုပ်မယ့်လူတွေကတော့ AirPods Pro ကိုဝယ်သင့်ပါတယ် .. AirPods 2 ကိုင်ထားတဲ့လူတွေကတော့ ဝယ်ဖို့မတန်ဘူးလို့ မြင်ပါတယ် .. ဒါပေမယ့်သင်ဟာ သောက်ရမ်းချမ်းသာတယ်ဆိုရင်တော့ ဝယ်သင့်လားဆိုပြီးမမေးပါနဲ့ ခုပဲသွားဝယ်လိုက်ပါ .. AirPods Pro ရဲ့ alternative အနေနဲ့ PowerBeats Pro ကိုရွေးချယ်နိုင်ပါသေးတယ်

Pyae Heinn Kyaw

Source : MacRumors