MacBook တွေရဲ့ FaceTime Camera ကို ဘာမှနဲ့မဖုံးအုပ်ထားဖို့ အကြံပေးလိုက်တဲ့ Apple

UNICODE

Apple က 2020, July 2 ရက်နေ့ကပဲ သူ့ရဲ့ Apple Support Website မှာ Document တစ်ခုတင်ထားခဲ့ပါတယ် .. အဲ့ဟာကတော့ MacBook တွေမှာပါဝင်လာတဲ့ Webcam (FaceTime Camera) ကို ဘာနဲ့မဖုံးအုပ်ထားဖို့ပါပဲ

လူတော်တော်များများက မိမိတို့ကို Webcam တွေကတဆင့် ခိုးကြည့်နေမှာကြောက်တာကြောင့် အဆိုပါ Webcam တွေကို Tape နဲ့ဖြစ်ဖြစ်ကာထားတတ်ကြပါတယ် .. Apple ကတော့ ဒီလိုမျိုးမကာထားဖို့ ပြောကြားခဲ့တာပါ

Apple က Webcam ကို မဖုံးအုပ်ခိုင်းတဲ့အကြောင်းအရင်းကတော့ MacBook တွေရဲ့ Design ကြောင့်ပါ .. MacBook တွေဟာ အဖုံးပိတ်ထားရင် Display နဲ့ Keyboard ကြားမှာ နေရာလွတ်မရှိသလောက်ဖြစ်အောင် Design ရေးဆွဲထားတာဖြစ်ပါတယ်

သင်ဟာ FaceTime Camera ပေါ်မှာ အရာဝတ္ထုတခုခုနဲ့ကပ်လိုက်မိရင် MacBook ကိုပိတ်တဲ့အခါ Display နဲ့ Keyboard ကြား ဟ နေမှာဖြစ်ပြီး Display ပျက်ဆီးသွားနိုင်တာပဲဖြစ်လို့ပါ (Display တွေပျက်လို့ပြင်မယ်ဆိုရင် 10 သိန်းကျော်လောက်ထိ ကျသင့်နိုင်ပါတယ်)

ဒါ့အပြင် Camera ဘေးမှာ Ambient Light Sensor ထည့်သွင်းထားတာဖြစ်လို့ သင်သာ Camera ကိုဖုံးအုပ်လိုက်တဲ့အခါ အဆိုပါ Ambient Light Sensor ကိုပါ ဖုံးအုပ်မိသလိုဖြစ်သွားမှာဖြစ်ပြီး Automatic Brightness နဲ့ True Tone တို့လို Feature တွေ အလုပ်ပုံမှန်မလုပ်တော့တာမျိုးလဲဖြစ်နိုင်ပါတယ်

Apple ပြောကြားပုံအရ Apple ဟာ User တွေရဲ့ Privacy ကိုအလေးထားပြီး User တွေကို အပြည့်အဝထိန်းချုပ်ခွင့်ပေးထားကြောင်း, အကယ်လို့တစုံတယောက်က သင့် Webcam ကနေ သင့်ကိုခိုးကြည့်နေပြီဆိုရင် Webcam ဘေးက မီးစိမ်းလေးလင်းလာမှာဖြစ်ကြောင်း, Apple ဟာ သင့် Data ကို သင်ကလွဲပြီးဘယ်သူမှ ခိုးယူလို့မရအောင် နောက်ဆုံးပေါ်, တီထွင်ဆန်းသစ်မှုရှိတဲ့ နည်းပညာတွေနဲ့ အကာအကွယ်ပေးထားကြောင်းပါဝင်ပါတယ်

နောက်ပြီး macOS Mojave နဲ့အထက်တင်ထားတဲ့လူတွေဟာ Camera Access ကိုထိန်းချုပ်ပိုင်ခွင့်ရှိပြီး System Preferences > Security & Privacy > Privacy > Camera မှာ ဘယ် App တွေကိုပဲ Camera Access ပေးမယ်ဆိုပြီး ကန့်သတ်ထားလို့ရပါတယ်

လုံးဝမဖြစ်မနေ ဖုံးအုပ်ထားဖို့လိုတယ်ဆိုရင် 0.1mm အထူသာရှိတဲ့ စာရွက်လိုဟာမျိုးနဲ့သာဖုံးအုပ်ထားသင့်ကြောင်း ပြောထားပါတယ် .. 0.1mm ထပ်ထူတဲ့ ပစ္စည်းနဲ့ Camera ကိုဖုံးအုပ်ထားတယ်ဆိုရင်လဲ MacBook Lid ကိုမပိတ်ခင် အဆိုပါဖုံးအုပ်ထားတဲ့အရာကို အရင်ဖယ်ရှားပြီးမှ MacBook ကိုပိတ်သင့်တယ်လို့ပြောထားပါတယ်

နောက်ပြီး အားကောင်းတဲ့တိပ်တွေကိုခွာလိုက်တဲ့အခါ ကျန်ခဲ့တဲ့ တိပ်ဂျိုးအကြွင်းအကျန်တွေကိုလဲ သေချာသန့်ရှင်းရေးလုပ်ဖို့ ညွှန်ကြားထားပါတယ် .. ကဲ .. ဒီလောက်ဆိုရင် MacBook တွေရဲ့ Camera ကို တိပ်နဲ့ကပ်မထားသင့်ဘူးဆိုတာ သင်သိသွားလောက်ပါပြီ

Ref : Apple Support