ဒီနေ့ရေးမယ့်အကြောင်းအရာကတော့ EC Council ကနေ Offer လုပ်တဲ့ C|HFI (Computer Hacking Forensics Investigator) exam ရဲ့ Review အကြောင်းပဲဖြစ်ပါတယ် .. Exam အောင်တာကြာပြီဆိုပေမယ့် ခုမှ Review ရေးဖြစ်တာပါ
EC Council ရဲ့ Reputation ကတဖြေးဖြေးမှေးမှိန်လာပေမယ့် Government ကခေါ်တဲ့အလုပ်တွေလုပ်တော့မယ်ဆိုရင် C|EH, C|HFI တို့က အခုချိန်ထိ Recognised ဖြစ်နေတုန်းမို့လို့ C|HFI ဖြေဖြစ်သွားတာပါ .. C|HFI ဖြစ်ဖို့ဘယ်လိုအဆင့်တွေကျော်ဖြတ်ရမလဲ?
Exam Requirements
Exam ဖြေဖို့အတွက်သတ်မှတ်ထားတဲ့လိုအပ်ချက်တွေရှိပါတယ်
- Information Security နယ်ပယ်မှာ အလုပ်အတွေ့အကြုံ 2 နှစ်အနည်းဆုံးရှိထားရင် သူတို့ရဲ့ Official Course တက်စရာမလိုပဲ Exam တန်းဖြေခွင့်ပေးပါတယ် .. အဲ့လိုလုပ်ဖို့ကိုယ်က Eligible ဖြစ်မဖြစ်အရင်စစ်ရပါတယ် .. အဲ့ဒီအတွက် $100 တောင်းပါတယ် .. Eligible ဖြစ်ရင် Exam Voucher ဝယ်ပြီးဖြေလိုက်ရုံပါပဲ .. မဖြစ်ရင်တော့ပေးထားတဲ့ $100 ကို Refund ပြန်တောင်းလို့မရပါဘူး
- တကယ်လို့အတွေ့အကြုံ 2 နှစ်အပြည့်မရှိဘူးဆိုရင် သူတို့ Course မဖြစ်မနေတက်ရပါတယ် .. Course ပြီးရင် Course Evaluation ဘာညာ Submit လိုက်တာနဲ့ Exam Voucher Code ပို့ပေးပါတယ် .. အဲ့အခါကျမှသာ Voucher Code သုံးပြီး Exam ကို Schedule လုပ်ရပါတယ်
Cost
EC Council က Course/Exam တွေကိုဝယ်မယ်ဆိုရင် Region အလိုက်ဈေးကွာလေ့ရှိပါတယ် .. ကျွန်တော်ဝယ်တဲ့အချိန်တုန်းက Australia မှာ နေ,နေတာဆိုတော့ ဈေးတော့အတော်လေးကြီးပါတယ် .. ဒီအတိုင်းဝယ်မယ်ဆိုရင် On-demand Course + Exam ကို $2,199 (USD) ကျပါတယ် .. Live Training ဆိုရင် $3,499 တောင်ပေးရမှာပါ
ဖြစ်ချင်တော့ EC Council ရဲ့ Training Consultant တစ်ယောက်ကကျွန်တော့်ကိိုဆက်သွယ်လာပြီး Black Friday Discount အနေနဲ့ $2,199 ကို $1,099 နဲ့ပေးမယ်လို့ပြောလာပါတယ် .. ကျွန်တော်ကလည်း EC Council ကစာမေးပွဲကို $1,000 ကျော်ပေးမယ့်အစား OffSec ကစာမေးပွဲပဲဝယ်ဖြေလိုက်မယ်လို့တွေးပြီး ဈေးအရမ်းများတယ် မဝယ်ချင်သေးဘူးလို့သူ့ကိုပြန်ပြောလိုက်ပါတယ်
အဲ့ဒီအချိန်မှာ သူက Promotional Email တစ်ခုကိုမှားပို့လာပါတယ် (တမင်ပို့ပြီး မှားပို့ချင်ယောင်ဆောင်တာလည်းဖြစ်နိုင်ပါတယ်) .. သူပို့တဲ့ Email က India Region ကလူတွေကိုပို့တာပါ .. အဲ့ထဲမှာ C|HFI Package က India ငွေနဲ့ဆို ₹39,186 (INR) ပဲရှိပါတယ် .. အဲ့တာကို USD ကို Convert လုပ်လိုက်ရင်အဲ့အချိန်ကငွေဈေးနဲ့ဆို $500 (USD) ဝန်းကျင်ပါ .. ဒီလိုနဲ့သူ့ကိုပြန်မေးလိုက်တော့ အဲ့တာ India Region ရဲ့ဈေးမို့လို့အဲ့ဈေးနဲ့မပေးနိုင်ဘူးလို့ဖြေပါတယ် .. ကျွန်တော်ကလည်း အဲ့ဈေးနဲ့မရရင်မယူဘူးပေါ့
အဲ့လိုမယူဘူးပြန်ပြောတော့မှ ပေးမယ်ဆိုပြီး $499 (USD) နဲ့ပေးပါတယ် .. ဒီလိုနဲ့ကျွန်တော်လည်းဝယ်ဖြစ်သွားတာပါ .. $499 နဲ့ C|HFI iLearn Package ပေးပါတယ် .. iLearn Package မှာဘာတွေပါလဲဆိုတော့
- Courseware (Video + Book): 1 Year Access
- Courseware (Labs): 6 Months Access
- C|HFI Exam Preparation (Cyber Quotient): 1 Year Access
- C|HFI Exam Voucher
ဝယ်ပြီးတာနဲ့ Student Enrollment Form ဖြည့်ပေးရပါသေးတယ် .. ဖြည့်ပြီးတာနဲ့ Portal တွေအများကြီးကို Access ပေးပါတယ် .. ဝယ်ပြီးတဲ့လူတွေအနေနဲ့ကျွန်တော့်လို Portal တွေအများကြီးနဲ့ခေါင်းရှုပ်မနေအောင် ဒီမှာပဲရှင်းရှင်းလင်းလင်းရေးပေးထားပါမယ်
- Video + Lab = iClass Portal
- Book = VitalSource Bookshelf
- Exam Preparation = Cyber Quotient
- Exam Booking = Exam Center
- Exam Portal = Exam Specialist
- Certificate Management = ASPEN
Course Outline
Course မှာတော့ Module 15 ခုရှိပြီး တစ်ခုချင်းစီတိုင်းမှာ Lab တွေပါ,ပါတယ်
Exam Structure
- Number of Questions: 150
- Passing Score: 60 – 85%
- Test Duration: 4 hours (240 minutes)
- Test Format: Multiple Choice
Exam Preparation
ကျွန်တော့်တုန်းက Video ကို 1.5x နဲ့အမြန်ကျော်ကြည့်လိုက်ပါတယ် .. အဲ့ဒီမှာ US Law တွေ, Forensics Tools တွေကို အသေးစိတ်မှတ်မထားလိုက်ပါဘူး .. Labs တွေလည်းလိုက်မလုပ်ပဲကျော်လိုက်ပါတယ် .. အဓိကက Forensics Concept ရရင်အေးဆေးဖြေလို့ရမယ်ထင်တာပါ .. အဲ့လိုနဲ့ Exam ဖြေလိုက်တဲ့အချိန်မှာ အထင်နဲ့တက်တက်စင်အောင်လွဲပြီး ကျသွားပါတယ် .. အဲ့တုန်းကကျွန်တော်ရတဲ့ Score က 108/150 ဆိုတော့ Percentage တွက်လိုက်ရင် 72% ပါ .. EC Council ပြောထားတဲ့ 60 – 85% အရဆို အောင်ရမယ့်အနေအထားကြီးပါ .. ဒီလိုနဲ့ EC Council Support ကို Email နဲ့ဆက်သွယ်ပြီးဘာကြောင့်ကျတယ်ဆိုတာမေးလိုက်ပါတယ် .. သူတို့ပြန်ပြောပုံအနေအထားကတော့ အောင်တယ် မအောင်ဘူးဆိုတာ Cut Score ပေါ်မူတည်ပါတယ်တဲ့ .. Cut Score က တစ်ယောက်နဲ့တစ်ယောက်မတူဘူး .. ကျွန်တော့် Cut Score က 150 မှာ 109 ရရင်အောင်မယ်လို့ပြန်ပြောပါတယ် .. ကျွန်တော်က 108 ပဲရတော့ တစ်ပုဒ်တည်းနဲ့ကပ်ကျတယ်လို့ဆိုလိုတာပါ .. ကျွန်တော်ကတော့ Retake Voucher ဝယ်ပြီးပြန်ဖြေအောင် ညစ်တယ်လို့ပဲထင်ပါတယ်
ကျသွားတဲ့အချိန်မှာ ဘာကိုသွားသတိရလဲဆိုတော့ iLearn Package ထဲမှာပါတဲ့ Cyber Quotient ပါ .. Cyber Quotient မှာ Progressive Assessment နဲ့ Simulated Exam ဆိုပြီး 2 ပိုင်းရှိပါတယ် .. Progressive Assessment ကတော့ Course မှာသင်လိုက်တဲ့ Chapter တိုင်းရဲ့ Topics တစ်ခုချင်းစီကို Multiple Choice တွေနဲ့လေ့ကျင့်ပေးတာပါ .. Simulated Exam ဆိုတာကတော့ နာမည်အတိုင်းပဲ Exam ဖြေသလိုမျိုး Multiple Choice မေးခွန်း အခု 150 ကိုဖြေရပါတယ်
- Progressive Assessment – 94 Topics
- Simulated Exam – 2 sets
အဲ့ဒီမှာမေးခွန်းတွေသွားပြန်လေ့ကျင့်ပါတယ် .. သတိထားမိတဲ့အချက်က Tools တွေ, Law တွေ, Procedure တွေအတော်လေးမေးတာပါ .. အဲ့တာတွေက Day-to-day Forensics လုပ်နေတဲ့လူတွေတောင် အလွတ်ဖြေနိုင်ဖို့ခက်ပါတယ် .. ဒါကြောင့် Course ကနေအလွတ်ကျက်ဖို့လိုလာပါတယ် .. အဲ့အချိန်မှာ အလွန်အသုံးဝင်တဲ့ Resource လေးတစ်ခုကို ရှာတွေ့ခဲ့ပါတယ် .. အဲ့တာကတော့ Course မှာတဲ့အကြောင်းအရာတွေကို အတိုချုပ်ပြီး Notes ပြန်ထုတ်ပေးထားတာပါ .. အဲ့တာလေးကအရမ်းအသုံးဝင်တာမို့လို့ အောက်မှာ Link ပေးထားပါမယ်
- Useful Resources – https://drive.google.com/drive/folders/1B9Vtj7EaEnCGlg8iaG9Q6kG-TqFnP6F3
အဲ့ဒီ Notes လေးတွေကြည့်လိုက်, Cyber Quotient က Simulated Exam မေးခွန်း ၂ စုံဖြေလိုက်နဲ့ ပြန်လေ့ကျင့်ပြီးစာမေးပွဲပြန်ဖြေဖြစ်ပါတယ် .. အဲ့တုန်းကတော့ Exam Retake Voucher ကို $399 (USD) နဲ့ဝယ်ပြီး ပြန်ဖြေလိုက်တာ ဒုတိယအကြိမ်မှာတော့ 125/150 (83.3%) နဲ့အောင်သွားပါတယ် .. အောင်တယ်မအောင်ဘူးဆိုတာ Exam ဖြေပြီးပြီးချင်းတန်းသိရပေမယ့် Certificate ရဖို့ကိုတော့ ၃ ရက်လောက်စောင့်လိုက်ရပါသေးတယ် .. အောက်မှာ Exam Timeline ပြပေးထားပါတယ်
Timeline
- 30/11/2023 12:41 AM (UTC) – Bought the C|HFI iLearn Package
- 02/12/2023 03:36 PM (UTC) – Got Access to eBook and Portals Listed Above
- 16/03/2024 02:26 PM (UTC) – Completed the Course and Received the Exam Voucher
- 15/06/2024 04:00 AM (UTC) – 1st Exam Attempt (Failed)
- 23/06/2024 11:53 AM (UTC) – Bought the Retake Voucher
- 25/06/2024 03:38 AM (UTC) – Received the Retake Exam Voucher
- 20/07/2024 04:40 AM (UTC) – 2nd Exam Attempt (Passed)
- 23/07/2024 11:33 AM (UTC) – Received the Certificate in ASPEN Portal
Summary/Verdict
Overall အရခြုံပြောရရင် Course နဲ့ Lab တွေကတော့မဆိုးဘူးလို့ပြောလို့ရပါတယ် .. USD 500 အောက်လောက်နဲ့ရရင် Course Quality ကမဆိုးပါဘူး .. EC Council ကတော့ Reputation ကျနေပြီဖြစ်လို့ မလိုအပ်ရင်မဖြေတာအကောင်းဆုံးပါပဲ .. ကိုယ်က Public Sector ထဲဝင်ချင်တယ်ဆိုရင်တော့ C|HFI ကဖြေသင့်ပါတယ် .. သူက ISO/IEC 17024 accredited ဖြစ်ပြီး US DoD ကလည်း approve ပေးထားတဲ့ Certificate ဖြစ်ပါတယ်
ဖြေမယ့်လူတွေအနေနဲ့ကတော့ ကျွန်တော်အပေါ်မှာပေးထားတဲ့ Google Drive က Notes တွေရယ်, Cyber Quotient က Practice Test တွေကိုသေချာလေ့ကျင့်ထားမယ်ဆိုရင် အေးဆေးအောင်တဲ့စာမေးပွဲဖြစ်ပါတယ်
အားလုံးပဲအဆင်ပြေကြပါစေခင်ဗျာ