macOS Catalina ရဲ့အကြီးမားဆုံးပြောင်းလဲချက် 8 ချက်

UNICODE

macOS Catalina official version က October 7 ရက်နေ့မှာထွက်ရှိလာခဲ့ပြီး Mac သုံးတဲ့လူတော်တာ်များများလဲ Update လုပ်ထားကြပြီလို့ထင်ပါတယ် .. အခုအခါမှာတော့ macOS Catalina မှာပါဝင်လာတဲ့ features အသစ် 8 ချက်ကိုဖော်ပြပေးသွားမှာဖြစ်ပါတယ်

1. Official ZawGyi/Unicode Support

System Preferences > Language & Region မှာ မြန်မာစာကို add လုပ်ပြီး မြန်မာစာဘေးမှာပေါ်နေတဲ့ (i) icon လေးကိုနှိပ်ပြီး Unicode (Standard) ဒါမှမဟုတ် ZawGyi ကိုရွေးနိုင်ပါပြီ

Keyboard ထဲမှာလဲ Burmese Keyboard ပါဝင်လာပြီး Unicode support လုပ်ပါတယ်

2. No More iTunes App

Apple ဟာ macOS Catalina မှာ iTunes app ကို App 3 ခုအနေနဲ့ခွဲထုတ်လိုက်ပါတယ် .. ခွဲထုတ်လိုက်တဲ့ app တွေကတော့ Music, TV, Podcasts app တို့ဖြစ်ပြီး iTunes မှာလုပ်လို့ရခဲ့တဲ့ function အားလုံးအသုံးပြုလို့ရမှာဖြစ်ပါတယ်

3. Finder Syncing

iTunes app မရှိတော့လို့ သင့် iPhone/iPad ကိုဘယ်လို manage လုပ်မရလဲလို့သင်တွေးနေတယ်မဟုတ်လား? iPhone ကိုကြိုးတပ်လိုက်တာနဲ့ Finder ရဲ့ဘယ်ဖက်မှာ Windows တစ်ခုပေါ်လာမှာဖြစ်ပြီး အဲ့ကနေ manage လုပ်လို့ရမှာပါ

4. Apple Watch Password Authentication

သင့် Apple Watch ကို WatchOS 6 တင်ထားပါက Mac မှာ install လုပ်သမျှ app permission တွေ, Notes password unlock လုပ်တာတွေကို သင့် Apple Watch နဲ့ ပြုလုပ်နိုင်မှာဖြစ်ပါတယ် .. so called ecosystem.

5. Sidecar

Sidecar ဆရာရေလာပါဦး လို့လှမ်းခေါ်ရတဲ့ Sidecar မဟုတ်ပါဘူး .. Sidecar ဆိုတာသင့် iPad ကို Secondary Display အနေနဲ့ အသုံးပြုနိုင်တဲ့ feature တစ်ခုပါပဲ (AirPlay နဲ့ setup လုပ်ရပါတယ်) .. Sidecar function ကို Apple Pencil support ဖြစ်တဲ့ iPad တွေမှာပဲအသုံးပြုနိုင်မှာဖြစ်ပါတယ် .. တော်တော်လေးမိုက်တဲ့ feature လေးတခုပါ

6. iPad Apps for Mac

macOS Catalina မှာပါဝင်လာတဲ့ Catalyst ဆိုတဲ့ Developer tools ဟာ သင့် iOS apps တွေကို Mac မှာအသုံးပြုလို့ရအောင်လုပ်ဆောင်ပေးနိုင်ပါတယ်

7. Find My

Find My Mac နဲ့ Find My Friends ကိုပေါင်းထားတဲ့ Find My ဆိုတဲ့ App ဟာ သင့် Mac ပျောက်သွားတာနဲ့ Online ဖြစ်ဖြစ် Offline ဖြစ်ဖြစ် ရှာပေးနိုင်ပါတယ်

Find My အကြောင်းအသေးစိတ်ကို ဒီမှာဖတ်လို့ရပါတယ် – https://www.pyaeheinnkyaw.tech/ios13_offline_finding/

8. No More 32-bit Apps

macOS Catalina မှာ 32-bit apps တွေကို support လုပ်တော့မှာမဟုတ်လို့ အရင်ကထွက်ခဲ့တဲ့ app တွေကိုသုံးမရဖြစ်နေရင် update လုပ်ပေးတာဖြစ်ဖြစ် completely uninstalled လုပ်ပြီး re-install လုပ်တာဖြစ်ဖြစ် ပြုလုပ်ပေးဖို့လိုပါလိမ့်မယ်

ဒါကတော့ macOS Catalina မှာပါဝင်လာတဲ့ ပြောင်းလဲချက် 8 ချက်ပဲဖြစ်ပါတယ်

Source : MacRumors

Pyae Heinn Kyaw