UNICODE

1. Size and Population

Australia နိုင်ငံဟာမြန်မာနိုင်ငံထက် 11 ဆဝန်းကျင်ပိုကြီးပြီး တရုတ်နိုင်ငံနီးပါးကြီးပါတယ် .. Australia ဟာ ကမ္ဘာပေါ်မှာအကြီးဆုံး 6 နိုင်ငံမြောက်ဖြစ်ပြီး လူဦးရေကတော့ 2019 မှာ 25 သန်းပဲရှိပါတယ် .. Australia နိုင်ငံထက် 53 ဆလောက်သေးတဲ့ New York State မှာတောင် လူဦးရေ သန်း 20 ရှိတာပါ

2. Marsupials

Koalas တွေ သားပိုက်ကောင်တွေဟာ Australia မှာအလွန်ပေါပါတယ် .. Australia မှာရှိတဲ့လူတွေအားလုံးထက် သားပိုက်ကောင်အရေအတွက်ကပိုများပါတယ်

Kangaroo

3. Beaches

Australia မှာ ကမ်းခြေပေါင်း 1 သောင်းကျော်ရှိပါတယ် .. ကမ်းရိုးတန်းအရှည်ဟာ ကီလို 5 သောင်းကျော်ရှိပြီး တကယ်လို့သင်ဟာ Australia မှာရှိတဲ့ ကမ်းခြေတခုကို တစ်ရက်နှုန်းနဲ့သွားမယ်ဆိုရင်တောင် ကမ်းခြေအားလုံးနှံ့ဖို့ 27 နှစ်ကြာမှာဖြစ်ပါတယ်

Beach

4. Pinky Lake

Lake Hillier လို့ခေါ်တဲ့ရေကန်ထဲကရေတွေဟာ သဘာဝအတိုင်းပန်းရောင်ဖြစ်နေတာပဲဖြစ်ပါတယ် .. ရေထဲမှာရှင်သန်တဲ့ microorganisms တွေကြောင့် ရေဟာပန်းရောင်သန်းနေတာပဲဖြစ်ပါတယ်

Lake Hillier

5. Snakes

ကမ္ဘာ့အဆိပ်အပြင်းဆုံးမြွေ 25 မျိုးထဲက 21 မျိုးဟာ Australia မှာရှင်သန်ပါတယ် .. ဒါပေမယ့်လဲ Australia ဆေးပညာတိုးတက်မှုနဲ့အချိန်မှီကုသနိုင်မှုတို့ကြောင့် မြွေကိုက်ပြီးသေဆုံးတဲ့လူအရေအတွက်ဟာ တစ်နှစ်မှာ ၂ ယောက်နှုန်းသာရှိပါတယ်

6. Camels

Australia သဲကန္တာရထဲမှာ ကုလားအုတ် 1.2 သန်းလောက်ကျက်စားနေထိုင်ပါတယ် .. Saudi Arabia လိုနိုင်ငံမျိုးကတောင်မှ Australia ကနေ သဲနဲ့ကုလားအုတ်တွေကိုတင်သွင်းဝယ်ယူနေရတာပါ

7. No Active Volcano

Australia ဟာ ကမ္ဘာ့တိုက်ကြီးတွေထဲမှာ Active Volcano မရှိတဲ့တခုတည်းသောတိုက်ပဲဖြစ်ပါတယ် .. မီးတောင်မရှိပေမယ့် ကမ္ဘာ့အကြီးဆုံးမီးသေတောင်ကတော့ Australia မှာရှိပါတယ်

Source : Weird Facts

By Pyae Heinn Kyaw

Pyae is a Defensive Cyber Professional, currently working at one of Australia's largest energy retailer.