Welcome

iPhone 12 နဲ့ Apple ရဲ့အနာဂတ်အစီအစဥ်တွေအကုန်လုံးကို ဖွင့်ချလိုက်တဲ့ Apple ဝန်ထမ်းတဦး

UNICODE

ဒီနေ့သတင်းကတော့ ထူးခြားပါတယ် .. လွန်ခဲ့တဲ့ 3 ရက်လောက်က Reddit မှာ AppleSeeder2020 ဆိုတဲ့ Username နဲ့လူတယောက်ဟာ Apple နဲ့ပတ်သက်တဲ့ သတင်းတွေတော်တော်များများကို Leak လုပ်ခဲ့ပါတယ် … Reddit မှာ အမေးအဖြေသဘောမျိုးနဲ့ တခြားလူတွေမေးတဲ့အရာတွေကိုပြန်ဖြေပေးခဲ့တာဖြစ်ပြီးတော့ သူဟာ Apple က ဝန်ထမ်းတယောက်ဖြစ်ကြောင်း ပြောပြခဲ့ပါတယ် .. သူဟာ Apple ကဝန်ထမ်းဖြစ်ကြောင်းကိုလဲ Reddit Moderator တွေကို သက်သေပြခဲ့တာဖြစ်လို့ အဆိုပါလူဟာ အတိုင်းအတာတခုထိယုံနိုင်တယ်လို့ပြောလို့ရပါတယ်

ဒီနှစ်မှာ iPhone 12 အကြောင်း, iPad အကြောင်း, မျက်မှန်အကြောင်း စသဖြင့် Apple နဲ့ဆိုင်နဲ့ သတင်းတွေ ပွထနေအောင် ထွက်နေတာကို အားလုံးပဲသတိထားမိမှာပါ .. AppleSeeder2020 ပြောကြားပုံအရ Apple အနေနဲ့ Private Security Firms တွေအပြင် ဒီလိုသတင်းတွေထုတ်လွှင့်ဖို့ ဌာနတခုပါဖွဲ့စည်းထားပြီး Leaks အမှားတွေ ထိုင်ထုတ်နေတယ်လို့သိရပါတယ် .. အခု Reddit မှာ Leak တွေလာဖွတဲ့လူကလဲ တချိန်က Jon Prosser ရဲ့ AR Glasses အတွက် Source ပေးခဲ့တာဖြစ်ပြီးတော့ အခု Jon Prosser နဲ့ ပြဿနာတက်မှ Reddit မှာ သူကိုယ်တိုင်လာဖွတဲ့သဘောပါပဲ

ကဲဒီတော့ ရှည်ရှည်ဝေးဝေးပြောမနေတော့ပဲ သိထားရသမျှ Leaks တွေကို စပြောလိုက်ရအောင်

iPhone

iPhone 12 နဲ့ပတ်သက်တဲ့ Leak တွေကတော့ လာမယ့် September 15 ရက်နေ့မှာပြုလုပ်မယ့် Apple Event မှာ iPhone 12 အကုန်လုံးကို မိတ်ဆက်သွားမယ်လို့ Leaker ကပြောပါတယ် .. ဒါပေမယ့် တကယ်ရောင်းချတဲ့ရက်စွဲတွေကတော့ iPhone 12 နဲ့ 12 Max  ကို October လလည်လောက်မှာ ရောင်းချမှာဖြစ်ပြီး iPhone 12 Pro နဲ့ iPhone 12 Pro Max ကို October လကုန်မှာရောင်းချမှာဖြစ်ပါတယ်

Specs တွေကိုပြောရမယ်ဆိုရင် iPhone 12 Pro နဲ့ 12 Pro Max မှာ LiDAR Sensor နဲ့ 16MP Main Sensor တို့ကို အသုံးပြုလာမယ်လို့ဆိုပါတယ် .. Design ကတော့ အခု Leak တွေမှာမြင်တွေ့နေရတဲ့ Design အတိုင်းပါပဲ .. အစပိုင်းကတော့ 120Hz High Refresh Rate က Battery Life ပြဿနာတွေကြောင့် iPhone 12 Pro Max မှာပဲပါမယ်လို့ ပြောခဲ့ပေမယ့် အခု Update သတင်းအရတော့ ဘယ် iPhone Model မှာမှ 120Hz High Refresh Rate ပါဝင်လာမှာမဟုတ်ဘူးလို့သိရပါတယ်

Leak တွေအတိုင်း Navy Blue or Midnight Blue လို့ခေါ်မယ့် နက်ပြာရောင် အရောင်တမျိုးဟာလဲ iPhone 12 Pro နဲ့ 12 Pro Max မှာ ပါဝင်လာမယ်လို့သိရပါတယ် .. နောက်ပြီးတော့ iPhone 12 Pro နဲ့ 12 Pro Max ရဲ့ base-storage ဟာ 128GB ကနေစမှာဖြစ်ပါတယ် .. Notch ကလဲ ပိုမိုသေးငယ်သွားမယ့်အပြင် ဘေးဘောင်တွေဟာလဲ အရင် iPhone တွေထက် ပိုကျဥ်းသွားဦးမှာပါ

iPhone 12 Lineup ဟာ စတင်ရောင်းချချိန်မှာ iOS 14.1 Install လုပ်ထားမှာဖြစ်ပြီး Reverse Wireless Charging, USB-C, Pencil Support တို့ပါဝင်မှာ မဟုတ်ဘူးလို့သိရပါတယ် .. iPhone 12 Lineup မှာ အားသွင်းခေါင်းထည့်ပေးတော့မှာမဟုတ်ပါဘူး .. စျေးတွေကတော့ အောက်ပါအတိုင်းဖြစ်မယ်လို့သိရပါတယ်

  • iPhone 12 – $649
  • iPhone 12 Max – $749
  • iPhone 12 Pro – $999
  • iPhone 12 Pro Max – $1,099

နောက်ဆက်တွဲအနေနဲ့ သိရတာကတော့ iPhone 12 ရဲ့ Battery Life ဟာ iPhone SE (2020) လောက်သာ ခံမယ်လို့သိရပါတယ် .. ဒါ့အပြင် 2021 မှာ iPhone SE အသစ်လာမှာမဟုတ်ပါဘူး

Apple ရဲ့ Under-Display Camera ဟာ စမ်းသပ်ဆဲအနေအထားမှာရှိနေပြီး နောက် 2 နှစ်အတွင်းလာဦးမှာမဟုတ်သေးပါဘူး .. ဒါ့အပြင် အပေါက်လုံးဝမပါတဲ့ iPhone တွေကိုလဲစမ်းသပ်နေပြီး နောက် 2 နှစ်အတွင်း Port-less iPhone တွေကို မြင်တွေ့ရဖွယ်မရှိပါဘူး .. အဲ့ဒီအတွင်း USB-C ကိုလဲပြောင်းသုံးမှာမဟုတ်ပဲ Lightning Port ကိုပဲဆက်သုံးသွားမယ်လို့သိရပါတယ်

iPhone တွေအတွက် နောက်ဆုံးသတင်းထူးကတော့ Foldable iPhone ပါ .. Foldable ဆိုပေမယ့် မှန်ကိုခေါက်လို့ရမှာမဟုတ်ပဲ Display 2 ခုကို ဆက်ပေးထားမှာလို့သိရပါတယ် .. အဆိုပါ Foldable iPhone တွေရဲ့ Prototype ဟာလဲ Apple မှာစမ်းသပ်နေပြီဖြစ်ပြီးတော့ Foldable iPhone တွေဟာ Multitasking ကောင်းကောင်းလုပ်မယ့်လူတွေအတွက် အသင့်တော်ဆုံး Device ဖြစ်လာပါလိမ့်မယ် .. ဒါကတော့ iPhone တွေနဲ့ ပတ်သက်ပြီး သိထားရတဲ့ Leaks အကုန်ပါ

iPad

iPad Mini နဲ့ iPad Air တွေကို ဘောင်တွေကျဥ်းပြီး ထုတ်လုပ်သွားမှာဖြစ်ပေမယ့် Home Button ကိုလုံးဝဖြုတ်ပစ်လိုက်မှာမဟုတ်ပါဘူး .. iPad Mini နဲ့ iPad Air ဟာ လက်ရှိ iPad Pro ရဲ့ Design Language နဲ့သွားဆင်တူပါလိမ့်မယ် .. အသစ်လာမယ့် iPad Air မှာ 60Hz Refresh Rate ပဲဆက်ပါလာမှာဖြစ်ပြီးတော့ Side-mounted Fingerprint မဟုတ်ပါဘူး .. Apple အနေနဲ့ Side-mounted Fingerprint ကိုစမ်းသပ်ခဲ့ပေမယ့် Power Button ကို ပိုကြီးအောင်လုပ်ရမယ့်အပြင် iPad ကိုဖွင့်ရမယ့်အနေအထားမှာ User Experience အဆင်မပြေဘူးလို့ ယူဆလို့ Home Button ကိုပဲဆက်သုံးမယ်လို့သိရပါတယ်

iPad Pro တွေမှာ miniLED Display သုံးမယ်လို့နာမည်ထွက်နေပေမယ့် miniLED Display နည်းပညာက အခုထိအဆင်သင့်မဖြစ်သေးဘူးလို့သိရပါတယ် .. iPad Pro အသစ်တွေမှာ 2021 မှာမိတ်ဆက်မှာဖြစ်ပြီးတော့ A14X Chips ကိုအသုံးပြုပေးထားမှာပါ

Apple Watch

Apple Watch Series 6 မှာ Digital Crown ကိုဖြုတ်သွားမှာမဟုတ်ပဲ ပိုကောင်းတဲ့ Display ပါဝင်လာပြီး ဘေးဘောင်တွေပိုကျဥ်းသွားမယ်လို့သိရပါတယ်

ဒါ့အပြင် Sleep Tracking နဲ့ သွေးတွင်းအောက်ဆီဂျင်ပမာဏကိုတိုင်းတာနိုင်မယ့် Feature အသစ်လဲပါဝင်လာဦးမှာပါ .. Series 6 ထွက်ပြီးတာနဲ့ Series 5 ကိုစျေးလျှော့ရောင်းမှာဖြစ်ပြီး Series 3 ကိုထုတ်လုပ်ရောင်းချမှုလုံးဝရပ်ဆဲပစ်မယ်လို့သိရပါတယ်

အားလုံးထင်နေကြတဲ့ Apple Watch SE တော့ပါဝင်လာမှာ မဟုတ်ဘူးလို့သိရပါတယ်

MacBook, iMac

အခုလာမယ့် September Event မှာ MacBook Pro 14″ ကိုပါထည့်သွင်းကြေငြာသွားမယ်လို့ AppleSeeder2020 က ထုတ်ပြောခဲ့ပါတယ် .. အသစ်မိတ်ဆက်မယ့် MacBook Pro 14″ ရဲ့ Specs တွေကတော့ M14 Silicon Processor, 8GB DDR4 RAM, 512GB SSD, Thunderbolt 4 Port ပါဝင်လာမှာဖြစ်ပါတယ် .. Apple ကိုယ်ပိုင် Silicon Chip ဟာ LTE Modem ပါဝင်လာမှာဖြစ်လို့ MacBook တွေမှာ Sim Card ထည့်ပြီး Internet သုံးလို့ရနိုင်ချေလဲရှိပါတယ်

MacBook Pro 14″ ရဲ့ GPU ဟာ ကိုယ်တိုင် Design ဆွဲထုတ်လုပ်ထားတာဖြစ်ပြီး AMD Radeon Pro 5500M လောက်ထိ Powerful ဖြစ်တယ်လို့သိရပါတယ် .. ဒီသတင်းသာအမှန်ဆို 16″ ဝယ်ထားတဲ့လူတွေ So Sad ပါ .. စျေးကတော့ MacBook Pro 13″ နဲ့တူတူပဲလို့ပြောပါတယ်

နောက်ပြီးတော့ MacBook Pro တွေနဲ့ iMac တွေမှာ 1080p FaceTime Camera ပါဝင်လာမှာဖြစ်ပြီး MacBook Pro တွေမှာလဲ 120Hz High Refresh Rate ရမယ့် ProMotion Technology ကိုစမ်းသပ်နေတယ်လို့သိရပါတယ် .. ProMotion က iMac တွေမှာ ပါမယ်ဆိုတာတော့ မသေချာပါဘူးတဲ့ .. ဒါပေမယ့် iMac တွေမှာ Face ID ထည့်သွင်းဖို့အတွက် စမ်းသပ်နေတယ်လို့သိရပါတယ်

Apple Silicon သုံးထားတဲ့ MacBook Pro 16″ နဲ့ MacBook 12″ ကို 2021 မှာမိတ်ဆက်မှာဖြစ်ပြီး iMac Pro ကို 2021 WWDC မှာမိတ်ဆက်မယ်လို့ ခန့်မှန်းရပါတယ် .. ဒါ့အပြင် Apple Silicon Chips သုံးထားတဲ့ Mac တွေမှာ အနာဂတ်မှာ Windows ပါတင်သုံးနိုင်အောင်လို့ Apple ဖက်က ကြိုးစားနေတယ်လို့သိရပါတယ်

macOS Big Sur Official Version ကို September Event ပြီးပြီးချင်းတန်းတင်လို့ရမှာဖြစ်ပါတယ် .. Handoff Feature ကိုလဲ လုံးဝအဆင့်မြှင့်တင်မှာဖြစ်ပြီး ARM-based iPhone နဲ့ Mac တွေကြားမှာ အလွန်အသုံးဝင်မှာဖြစ်ပါတယ် .. ဥပမာ iPhone မှာ App တခုသုံးနေရင်း iPhone ကိုပိတ်ပြီး MacBook ကိုဖွင့်လိုက်ရင် MacBook မှာ အဲ့ဒီသုံးခဲ့တဲ့နေရာအတိုင်း ပြန်ပွင့်လာမယ့်ပုံစံမျိုးပါ

အနာဂတ်မှာ MacBook တွေကို Touch Screen နဲ့ထုတ်ဖို့စိတ်ကူးတော့မရှိသေးဘူးလို့သိရပါတယ် .. ဒါ့အပြင် Apple Silicon Chips တွေဟာ Intel ရဲ့ i3, i5, i7 ဆိုပြီး Performance အလိုက်အဆင့်ခွဲထားသလိုမျိုး Silicon Chips တွေမှာလဲ Tier ခွဲထားမယ်လို့သိရပါတယ် .. လောလောဆယ် မိတ်ဆက်မယ့် MacBook Pro 14″ မှာ M14 Chips ပါလာမှာဖြစ်ပေမယ့် MacBook 12″ မှာပါမယ့် Chips ကတော့ M14 လောက် Powerful မဖြစ်ဘူးလို့သိရပါတယ်

နောက်ဆုံးသတင်းကတော့ Apple Silicon Team က MacBook တွေကို Gaming ပိုင်းမှာ လုံးဝကြမ်းထွက်နေအောင် ကြိုးစားနေတယ်ဆိုတဲ့သတင်းပါ .. Performance ကိုကောင်းအောင်ပြင်ဆင်ထားတဲ့အပြင် Game Developer တွေကိုပါ Silicon Chips မှာ Optimize ဖြစ်မယ့် Game တွေရေးပေးဖို့ မဲဆွယ်နေပါတယ်

ဒါကတော့ Mac နဲ့ပတ်သတ်တဲ့သတင်းအစုံပါ

Others

Apple AR Glasses နဲ့အရင်စပြောပါမယ် .. Apple ဟာ AR Glasses ကို 2021 မှာ မိတ်ဆက်မှာဖြစ်ပြီး AR Glasses ဟာ ကျွန်တော်တို့မျှော်လင့်ထားသလို သိပ္ပံခေတ်ကလို အစုံသုံးလို့ရမယ့် မျက်မှန်မျိုးမဟုတ်ပါဘူး .. iPhone ကနေ Information တွေ Complications တွေ Navigations တွေကို AR Glasses မှာပြန်လည်ပြသပေးရုံလောက်ပဲဖြစ်ပြီး အဆိုပါ Information တွေကို မျက်မှန်ပေါ်မှာမြင်ရတာမျိုးမဟုတ်ပဲ ကိုယ့်ရှေ့မှာပျံဝဲနေတဲ့ ပုံစံမျိုးပြသမယ့်နည်းပညာကို Apple ကတီထွင်နေတာဖြစ်ပါတယ်

AR Glasses နဲ့အတူ VR နဲ့ AR ပေါင်းထားတဲ့ Headset တမျိုးကိုလဲ မိတ်ဆက်မယ်လို့ပြောပေမယ့် အဲ့တာကမသေချာသေးပါဘူး .. Apple ရဲ့ကို်ယ်ပိုင် Headphone ဖြစ်မယ့် AirPods Studio ကိုလဲ 2o21 မှာမိတ်ဆက်မယ်လို့သိရပါတယ် ..  နောက်ပြီး AirTags လို့ခေါ်တဲ့ Tracking Device တမျိုးဟာလဲ 2021 March မှာမိတ်ဆက်မယ်လို့သိရပါတယ် .. ​iPhone ရဲ့ Find My App မှာ AR နည်းပညာထည့်သွင်းပေးလိုက်မှာဖြစ်ပြီးတော့ AirTags နဲ့တွဲထားတဲ့ပစ္စည်းတွေကို Find My ကနေတဆင့် 3D ပုံစံနဲ့ရှာဖွေနိုင်မှာဖြစ်ပါတယ်

Project Titan လို့နာမည်ပေးထားတဲ့ Apple ရဲ့ Car ထုတ်လုပ်မယ့်အစီအစဥ်ဟာ တကယ်တော့ Apple Car ထုတ်လုပ်မှာမဟုတ်ပါဘူး .. အဆိုပါ Project ဟာ ကားတွေအတွက် Operating System (OS) သီးသန့်သာထုတ်ပေးတာဖြစ်ပြီး အဆိုပါ OS ကို Third Party Car Maker တွေဖြစ်တဲ့ BMW, Audi တို့လို Company တွေက ဝယ်ပြီး သူတို့ကားတွေမှာ ထည့်သွင်းအသုံးပြုမှာဖြစ်ပါတယ် .. Apple ရဲ့ CarOS မှာ ကိုယ်တိုင်မောင်းနှင်တဲ့ Self-driving စနစ်ပါဝင်လာမယ်လို့သိရပါတယ်

AirPower ဟာလဲ လာမယ့် September Event မှာမိတ်ဆက်နိုင်တယ်လို့သိရပါတယ် .. ဒါ့အပြင် Apple Silicon Chip တွေကို Apple TV မှာထည့်သွင်းစမ်းသပ်နေပြီးတော့ Apple TV for Gaming ဆိုပြီး Product အသစ်တမျိုးထုတ်လုပ်လာနိုင်ချေရှိပါတယ်

နောက်ဆုံးသတင်းတွေကတော့ ဒီနှစ်အတွင်းမှာ AirPods Pro နဲ့ HomePod အသစ်ထွက်လာနိုင်ချေမရှိဘူးဆိုတာပါပဲ .. ဒီဟာတွေကို ခြုံငုံသုံးသပ်ရင် လာမယ့် 15 ရက်နေ့မှာကျင်းပမယ့် Event မှာ အောက်ပါ Device တွေမိတ်ဆက်လာနိုင်ပါတယ်

  1. iPhone 12, 12 Max, 12 Pro, 12 Pro Max
  2. AirPower
  3. iPad Air
  4. Apple Watch Series 6
  5. MacBook Pro 14″

ဒီလောက်ဆိုတော်တော်လေးစုံသွားပြီလို့ ထင်ပါတယ် .. Thanks for reading guys xD

ZAWGYI

ဒီေန႔သတင္းကေတာ့ ထူးျခားပါတယ္ .. လြန္ခဲ့တဲ့ 3 ရက္ေလာက္က Reddit မွာ AppleSeeder2020 ဆိုတဲ့ Username နဲ႔လူတေယာက္ဟာ Apple နဲ႔ပတ္သက္တဲ့ သတင္းေတြေတာ္ေတာ္မ်ားမ်ားကို Leak လုပ္ခဲ့ပါတယ္ … Reddit မွာ အေမးအေျဖသေဘာမ်ိဳးနဲ႔ တျခားလူေတြေမးတဲ့အရာေတြကိုျပန္ေျဖေပးခဲ့တာျဖစ္ၿပီးေတာ့ သူဟာ Apple က ဝန္ထမ္းတေယာက္ျဖစ္ေၾကာင္း ေျပာျပခဲ့ပါတယ္ .. သူဟာ Apple ကဝန္ထမ္းျဖစ္ေၾကာင္းကိုလဲ Reddit Moderator ေတြကို သက္ေသျပခဲ့တာျဖစ္လို႔ အဆိုပါလူဟာ အတိုင္းအတာတခုထိယုံႏိုင္တယ္လို႔ေျပာလို႔ရပါတယ္

ဒီႏွစ္မွာ iPhone 12 အေၾကာင္း, iPad အေၾကာင္း, မ်က္မွန္အေၾကာင္း စသျဖင့္ Apple နဲ႔ဆိုင္နဲ႔ သတင္းေတြ ပြထေနေအာင္ ထြက္ေနတာကို အားလုံးပဲသတိထားမိမွာပါ .. AppleSeeder2020 ေျပာၾကားပုံအရ Apple အေနနဲ႔ Private Security Firms ေတြအျပင္ ဒီလိုသတင္းေတြထုတ္လႊင့္ဖို႔ ဌာနတခုပါဖြဲ႕စည္းထားၿပီး Leaks အမွားေတြ ထိုင္ထုတ္ေနတယ္လို႔သိရပါတယ္ .. အခု Reddit မွာ Leak ေတြလာဖြတဲ့လူကလဲ တခ်ိန္က Jon Prosser ရဲ႕ AR Glasses အတြက္ Source ေပးခဲ့တာျဖစ္ၿပီးေတာ့ အခု Jon Prosser နဲ႔ ျပႆနာတက္မွ Reddit မွာ သူကိုယ္တိုင္လာဖြတဲ့သေဘာပါပဲ

ကဲဒီေတာ့ ရွည္ရွည္ေဝးေဝးေျပာမေနေတာ့ပဲ သိထားရသမွ် Leaks ေတြကို စေျပာလိုက္ရေအာင္

iPhone

iPhone 12 နဲ႔ပတ္သက္တဲ့ Leak ေတြကေတာ့ လာမယ့္ September 15 ရက္ေန႔မွာျပဳလုပ္မယ့္ Apple Event မွာ iPhone 12 အကုန္လုံးကို မိတ္ဆက္သြားမယ္လို႔ Leaker ကေျပာပါတယ္ .. ဒါေပမယ့္ တကယ္ေရာင္းခ်တဲ့ရက္စြဲေတြကေတာ့ iPhone 12 နဲ႔ 12 Max ကို October လလည္ေလာက္မွာ ေရာင္းခ်မွာျဖစ္ၿပီး iPhone 12 Pro နဲ႔ iPhone 12 Pro Max ကို October လကုန္မွာေရာင္းခ်မွာျဖစ္ပါတယ္

Specs ေတြကိုေျပာရမယ္ဆိုရင္ iPhone 12 Pro နဲ႔ 12 Pro Max မွာ LiDAR Sensor နဲ႔ 16MP Main Sensor တို႔ကို အသုံးျပဳလာမယ္လို႔ဆိုပါတယ္ .. Design ကေတာ့ အခု Leak ေတြမွာျမင္ေတြ႕ေနရတဲ့ Design အတိုင္းပါပဲ .. အစပိုင္းကေတာ့ 120Hz High Refresh Rate က Battery Life ျပႆနာေတြေၾကာင့္ iPhone 12 Pro Max မွာပဲပါမယ္လို႔ ေျပာခဲ့ေပမယ့္ အခု Update သတင္းအရေတာ့ ဘယ္ iPhone Model မွာမွ 120Hz High Refresh Rate ပါဝင္လာမွာမဟုတ္ဘူးလို႔သိရပါတယ္

Leak ေတြအတိုင္း Navy Blue or Midnight Blue လို႔ေခၚမယ့္ နက္ျပာေရာင္ အေရာင္တမ်ိဳးဟာလဲ iPhone 12 Pro နဲ႔ 12 Pro Max မွာ ပါဝင္လာမယ္လို႔သိရပါတယ္ .. ေနာက္ၿပီးေတာ့ iPhone 12 Pro နဲ႔ 12 Pro Max ရဲ႕ base-storage ဟာ 128GB ကေနစမွာျဖစ္ပါတယ္ .. Notch ကလဲ ပိုမိုေသးငယ္သြားမယ့္အျပင္ ေဘးေဘာင္ေတြဟာလဲ အရင္ iPhone ေတြထက္ ပိုက်ဥ္းသြားဦးမွာပါ

iPhone 12 Lineup ဟာ စတင္ေရာင္းခ်ခ်ိန္မွာ iOS 14.1 Install လုပ္ထားမွာျဖစ္ၿပီး Reverse Wireless Charging, USB-C, Pencil Support တို႔ပါဝင္မွာ မဟုတ္ဘူးလို႔သိရပါတယ္ .. iPhone 12 Lineup မွာ အားသြင္းေခါင္းထည့္ေပးေတာ့မွာမဟုတ္ပါဘူး .. ေစ်းေတြကေတာ့ ေအာက္ပါအတိုင္းျဖစ္မယ္လို႔သိရပါတယ္

  • iPhone 12 – $649
  • iPhone 12 Max – $749
  • iPhone 12 Pro – $999
  • iPhone 12 Pro Max – $1,099

ေနာက္ဆက္တြဲအေနနဲ႔ သိရတာကေတာ့ iPhone 12 ရဲ႕ Battery Life ဟာ iPhone SE (2020) ေလာက္သာ ခံမယ္လို႔သိရပါတယ္ .. ဒါ့အျပင္ 2021 မွာ iPhone SE အသစ္လာမွာမဟုတ္ပါဘူး

Apple ရဲ႕ Under-Display Camera ဟာ စမ္းသပ္ဆဲအေနအထားမွာရွိေနၿပီး ေနာက္ 2 ႏွစ္အတြင္းလာဦးမွာမဟုတ္ေသးပါဘူး .. ဒါ့အျပင္ အေပါက္လုံးဝမပါတဲ့ iPhone ေတြကိုလဲစမ္းသပ္ေနၿပီး ေနာက္ 2 ႏွစ္အတြင္း Port-less iPhone ေတြကို ျမင္ေတြ႕ရဖြယ္မရွိပါဘူး .. အဲ့ဒီအတြင္း USB-C ကိုလဲေျပာင္းသုံးမွာမဟုတ္ပဲ Lightning Port ကိုပဲဆက္သုံးသြားမယ္လို႔သိရပါတယ္

iPhone ေတြအတြက္ ေနာက္ဆုံးသတင္းထူးကေတာ့ Foldable iPhone ပါ .. Foldable ဆိုေပမယ့္ မွန္ကိုေခါက္လို႔ရမွာမဟုတ္ပဲ Display 2 ခုကို ဆက္ေပးထားမွာလို႔သိရပါတယ္ .. အဆိုပါ Foldable iPhone ေတြရဲ႕ Prototype ဟာလဲ Apple မွာစမ္းသပ္ေနၿပီျဖစ္ၿပီးေတာ့ Foldable iPhone ေတြဟာ Multitasking ေကာင္းေကာင္းလုပ္မယ့္လူေတြအတြက္ အသင့္ေတာ္ဆုံး Device ျဖစ္လာပါလိမ့္မယ္ .. ဒါကေတာ့ iPhone ေတြနဲ႔ ပတ္သက္ၿပီး သိထားရတဲ့ Leaks အကုန္ပါ

iPad

iPad Mini နဲ႔ iPad Air ေတြကို ေဘာင္ေတြက်ဥ္းၿပီး ထုတ္လုပ္သြားမွာျဖစ္ေပမယ့္ Home Button ကိုလုံးဝျဖဳတ္ပစ္လိုက္မွာမဟုတ္ပါဘူး .. iPad Mini နဲ႔ iPad Air ဟာ လက္ရွိ iPad Pro ရဲ႕ Design Language နဲ႔သြားဆင္တူပါလိမ့္မယ္ .. အသစ္လာမယ့္ iPad Air မွာ 60Hz Refresh Rate ပဲဆက္ပါလာမွာျဖစ္ၿပီးေတာ့ Side-mounted Fingerprint မဟုတ္ပါဘူး .. Apple အေနနဲ႔ Side-mounted Fingerprint ကိုစမ္းသပ္ခဲ့ေပမယ့္ Power Button ကို ပိုႀကီးေအာင္လုပ္ရမယ့္အျပင္ iPad ကိုဖြင့္ရမယ့္အေနအထားမွာ User Experience အဆင္မေျပဘူးလို႔ ယူဆလို႔ Home Button ကိုပဲဆက္သုံးမယ္လို႔သိရပါတယ္

iPad Pro ေတြမွာ miniLED Display သုံးမယ္လို႔နာမည္ထြက္ေနေပမယ့္ miniLED Display နည္းပညာက အခုထိအဆင္သင့္မျဖစ္ေသးဘူးလို႔သိရပါတယ္ .. iPad Pro အသစ္ေတြမွာ 2021 မွာမိတ္ဆက္မွာျဖစ္ၿပီးေတာ့ A14X Chips ကိုအသုံးျပဳေပးထားမွာပါ

Apple Watch

Apple Watch Series 6 မွာ Digital Crown ကိုျဖဳတ္သြားမွာမဟုတ္ပဲ ပိုေကာင္းတဲ့ Display ပါဝင္လာၿပီး ေဘးေဘာင္ေတြပိုက်ဥ္းသြားမယ္လို႔သိရပါတယ္

ဒါ့အျပင္ Sleep Tracking နဲ႔ ေသြးတြင္းေအာက္ဆီဂ်င္ပမာဏကိုတိုင္းတာႏိုင္မယ့္ Feature အသစ္လဲပါဝင္လာဦးမွာပါ .. Series 6 ထြက္ၿပီးတာနဲ႔ Series 5 ကိုေစ်းေလွ်ာ့ေရာင္းမွာျဖစ္ၿပီး Series 3 ကိုထုတ္လုပ္ေရာင္းခ်မႈလုံးဝရပ္ဆဲပစ္မယ္လို႔သိရပါတယ္

အားလုံးထင္ေနၾကတဲ့ Apple Watch SE ေတာ့ပါဝင္လာမွာ မဟုတ္ဘူးလို႔သိရပါတယ္

MacBook, iMac

အခုလာမယ့္ September Event မွာ MacBook Pro 14″ ကိုပါထည့္သြင္းေၾကျငာသြားမယ္လို႔ AppleSeeder2020 က ထုတ္ေျပာခဲ့ပါတယ္ .. အသစ္မိတ္ဆက္မယ့္ MacBook Pro 14″ ရဲ႕ Specs ေတြကေတာ့ M14 Silicon Processor, 8GB DDR4 RAM, 512GB SSD, Thunderbolt 4 Port ပါဝင္လာမွာျဖစ္ပါတယ္ .. Apple ကိုယ္ပိုင္ Silicon Chip ဟာ LTE Modem ပါဝင္လာမွာျဖစ္လို႔ MacBook ေတြမွာ Sim Card ထည့္ၿပီး Internet သုံးလို႔ရႏိုင္ေခ်လဲရွိပါတယ္

MacBook Pro 14″ ရဲ႕ GPU ဟာ ကိုယ္တိုင္ Design ဆြဲထုတ္လုပ္ထားတာျဖစ္ၿပီး AMD Radeon Pro 5500M ေလာက္ထိ Powerful ျဖစ္တယ္လို႔သိရပါတယ္ .. ဒီသတင္းသာအမွန္ဆို 16″ ဝယ္ထားတဲ့လူေတြ So Sad ပါ .. ေစ်းကေတာ့ MacBook Pro 13″ နဲ႔တူတူပဲလို႔ေျပာပါတယ္

ေနာက္ၿပီးေတာ့ MacBook Pro ေတြနဲ႔ iMac ေတြမွာ 1080p FaceTime Camera ပါဝင္လာမွာျဖစ္ၿပီး MacBook Pro ေတြမွာလဲ 120Hz High Refresh Rate ရမယ့္ ProMotion Technology ကိုစမ္းသပ္ေနတယ္လို႔သိရပါတယ္ .. ProMotion က iMac ေတြမွာ ပါမယ္ဆိုတာေတာ့ မေသခ်ာပါဘူးတဲ့ .. ဒါေပမယ့္ iMac ေတြမွာ Face ID ထည့္သြင္းဖို႔အတြက္ စမ္းသပ္ေနတယ္လို႔သိရပါတယ္

Apple Silicon သုံးထားတဲ့ MacBook Pro 16″ နဲ႔ MacBook 12″ ကို 2021 မွာမိတ္ဆက္မွာျဖစ္ၿပီး iMac Pro ကို 2021 WWDC မွာမိတ္ဆက္မယ္လို႔ ခန္႔မွန္းရပါတယ္ .. ဒါ့အျပင္ Apple Silicon Chips သုံးထားတဲ့ Mac ေတြမွာ အနာဂတ္မွာ Windows ပါတင္သုံးႏိုင္ေအာင္လို႔ Apple ဖက္က ႀကိဳးစားေနတယ္လို႔သိရပါတယ္

macOS Big Sur Official Version ကို September Event ၿပီးၿပီးခ်င္းတန္းတင္လို႔ရမွာျဖစ္ပါတယ္ .. Handoff Feature ကိုလဲ လုံးဝအဆင့္ျမႇင့္တင္မွာျဖစ္ၿပီး ARM-based iPhone နဲ႔ Mac ေတြၾကားမွာ အလြန္အသုံးဝင္မွာျဖစ္ပါတယ္ .. ဥပမာ iPhone မွာ App တခုသုံးေနရင္း iPhone ကိုပိတ္ၿပီး MacBook ကိုဖြင့္လိုက္ရင္ MacBook မွာ အဲ့ဒီသုံးခဲ့တဲ့ေနရာအတိုင္း ျပန္ပြင့္လာမယ့္ပုံစံမ်ိဳးပါ

အနာဂတ္မွာ MacBook ေတြကို Touch Screen နဲ႔ထုတ္ဖို႔စိတ္ကူးေတာ့မရွိေသးဘူးလို႔သိရပါတယ္ .. ဒါ့အျပင္ Apple Silicon Chips ေတြဟာ Intel ရဲ႕ i3, i5, i7 ဆိုၿပီး Performance အလိုက္အဆင့္ခြဲထားသလိုမ်ိဳး Silicon Chips ေတြမွာလဲ Tier ခြဲထားမယ္လို႔သိရပါတယ္ .. ေလာေလာဆယ္ မိတ္ဆက္မယ့္ MacBook Pro 14″ မွာ M14 Chips ပါလာမွာျဖစ္ေပမယ့္ MacBook 12″ မွာပါမယ့္ Chips ကေတာ့ M14 ေလာက္ Powerful မျဖစ္ဘူးလို႔သိရပါတယ္

ေနာက္ဆုံးသတင္းကေတာ့ Apple Silicon Team က MacBook ေတြကို Gaming ပိုင္းမွာ လုံးဝၾကမ္းထြက္ေနေအာင္ ႀကိဳးစားေနတယ္ဆိုတဲ့သတင္းပါ .. Performance ကိုေကာင္းေအာင္ျပင္ဆင္ထားတဲ့အျပင္ Game Developer ေတြကိုပါ Silicon Chips မွာ Optimize ျဖစ္မယ့္ Game ေတြေရးေပးဖို႔ မဲဆြယ္ေနပါတယ္

ဒါကေတာ့ Mac နဲ႔ပတ္သတ္တဲ့သတင္းအစုံပါ

Others

Apple AR Glasses နဲ႔အရင္စေျပာပါမယ္ .. Apple ဟာ AR Glasses ကို 2021 မွာ မိတ္ဆက္မွာျဖစ္ၿပီး AR Glasses ဟာ ကြၽန္ေတာ္တို႔ေမွ်ာ္လင့္ထားသလို သိပၸံေခတ္ကလို အစုံသုံးလို႔ရမယ့္ မ်က္မွန္မ်ိဳးမဟုတ္ပါဘူး .. iPhone ကေန Information ေတြ Complications ေတြ Navigations ေတြကို AR Glasses မွာျပန္လည္ျပသေပး႐ုံေလာက္ပဲျဖစ္ၿပီး အဆိုပါ Information ေတြကို မ်က္မွန္ေပၚမွာျမင္ရတာမ်ိဳးမဟုတ္ပဲ ကိုယ့္ေရွ႕မွာပ်ံဝဲေနတဲ့ ပုံစံမ်ိဳးျပသမယ့္နည္းပညာကို Apple ကတီထြင္ေနတာျဖစ္ပါတယ္

AR Glasses နဲ႔အတူ VR နဲ႔ AR ေပါင္းထားတဲ့ Headset တမ်ိဳးကိုလဲ မိတ္ဆက္မယ္လို႔ေျပာေပမယ့္ အဲ့တာကမေသခ်ာေသးပါဘူး .. Apple ရဲ႕ကို္ယ္ပိုင္ Headphone ျဖစ္မယ့္ AirPods Studio ကိုလဲ 2o21 မွာမိတ္ဆက္မယ္လို႔သိရပါတယ္ .. ေနာက္ၿပီး AirTags လို႔ေခၚတဲ့ Tracking Device တမ်ိဳးဟာလဲ 2021 March မွာမိတ္ဆက္မယ္လို႔သိရပါတယ္ .. ​iPhone ရဲ႕ Find My App မွာ AR နည္းပညာထည့္သြင္းေပးလိုက္မွာျဖစ္ၿပီးေတာ့ AirTags နဲ႔တြဲထားတဲ့ပစၥည္းေတြကို Find My ကေနတဆင့္ 3D ပုံစံနဲ႔ရွာေဖြႏိုင္မွာျဖစ္ပါတယ္

Project Titan လို႔နာမည္ေပးထားတဲ့ Apple ရဲ႕ Car ထုတ္လုပ္မယ့္အစီအစဥ္ဟာ တကယ္ေတာ့ Apple Car ထုတ္လုပ္မွာမဟုတ္ပါဘူး .. အဆိုပါ Project ဟာ ကားေတြအတြက္ Operating System (OS) သီးသန္႔သာထုတ္ေပးတာျဖစ္ၿပီး အဆိုပါ OS ကို Third Party Car Maker ေတြျဖစ္တဲ့ BMW, Audi တို႔လို Company ေတြက ဝယ္ၿပီး သူတို႔ကားေတြမွာ ထည့္သြင္းအသုံးျပဳမွာျဖစ္ပါတယ္ .. Apple ရဲ႕ CarOS မွာ ကိုယ္တိုင္ေမာင္းႏွင္တဲ့ Self-driving စနစ္ပါဝင္လာမယ္လို႔သိရပါတယ္

AirPower ဟာလဲ လာမယ့္ September Event မွာမိတ္ဆက္ႏိုင္တယ္လို႔သိရပါတယ္ .. ဒါ့အျပင္ Apple Silicon Chip ေတြကို Apple TV မွာထည့္သြင္းစမ္းသပ္ေနၿပီးေတာ့ Apple TV for Gaming ဆိုၿပီး Product အသစ္တမ်ိဳးထုတ္လုပ္လာႏိုင္ေခ်ရွိပါတယ္

ေနာက္ဆုံးသတင္းေတြကေတာ့ ဒီႏွစ္အတြင္းမွာ AirPods Pro နဲ႔ HomePod အသစ္ထြက္လာႏိုင္ေခ်မရွိဘူးဆိုတာပါပဲ .. ဒီဟာေတြကို ၿခဳံငုံသုံးသပ္ရင္ လာမယ့္ 15 ရက္ေန႔မွာက်င္းပမယ့္ Event မွာ ေအာက္ပါ Device ေတြမိတ္ဆက္လာႏိုင္ပါတယ္

  1. iPhone 12, 12 Max, 12 Pro, 12 Pro Max
  2. AirPower
  3. iPad Air
  4. Apple Watch Series 6
  5. MacBook Pro 14″

ဒီေလာက္ဆိုေတာ္ေတာ္ေလးစုံသြားၿပီလို႔ ထင္ပါတယ္ .. Thanks for reading guys xD

Source : Reddit