AirPods Pro Firmware Update မှာအသစ်ပါဝင်လာတဲ့ Spatial Audio Feature

UNICODE

AirPods Pro တွေမှာ Spatial Audio ရဖို့ဆိုရင် Firmware Version 3A283 ကိုတင်ထားရမှာဖြစ်ပြီး iPhone ဟာလဲ iOS 14 တင်ထားတာဖြစ်ရပါမယ် .. ဒါဆိုရင်တော့ Control Centre မှာ Spatial Audio ကို On/Off လုပ်လို့ရပါပြီ

Spatial Audio ဆိုတာကတော့ လွယ်လွယ်ပြောရရင် ရုပ်ရှင်ရုံမှာရုပ်ရှင်ကြည့်တဲ့အခါ အသံတွေက ဘက်ပေါင်းစုံကလာတဲ့ Feeling မျိုးကို AirPods Pro ကနေ ပေးစွမ်းနိုင်မှာဖြစ်ပါတယ်

ဒါပေမယ့် ရုပ်ရှင်ရုံတွေမှာ Speaker တွေအများကြီးကိုပတ်ပတ်လည်တပ်ဆင်ထားတာပါ .. AirPods မှာက Speaker 1 လုံးထဲနဲ့ ပတ်ပတ်လည် Sound Effect ရဖို့ Software နဲ့ပြင်ယူထားတာဖြစ်ပါတယ်

ဒီနည်းပညာအတွက် Apple က Dynamic Head Tracking နဲ့ Directional Audio Filter နည်းပညာတို့ကိုအသုံးပြုပြီး ကိုယ့်နားထဲကိုဝင်လာမယ့် Sound Frequency တွေကို Auto Adjustment လုပ်ပေးပါတယ်

ရုပ်ရှင်ရုံတွေထဲမှာ ခေါင်းကိုဘယ်ညာလှည့်ပေမယ့် Speaker တွေက သူ့နေရာမှာရှိနေတယ်ဟုတ်? AirPods Pro ကနားထဲတပ်ထားတာဆိုတော့ ခေါင်းကိုလှည့်တာနဲ့ အသံတွေပါ လိုက်လှည့်လာပါလိမ့်မယ်

အဲ့လိုမျိုးမဖြစ်အောင် AirPods Pro ထဲက Gyroscope နဲ့ Accelerator တို့ကိုအသုံးပြုပြီး User ရဲ့ ခေါင်းလှုပ်ရှားမှုကို Tracking လိုက်ကာ ရုပ်ရှင်ရုံထဲကလို Surrounding Sound Effect ကို ပေးစွမ်းမှာဖြစ်ပါတယ် .. ဒီလောက်ဆို Spatial Audio အကြောင်းနားလည်သွားလောက်ပါပြီ

AirPods Pro ကို ကိုယ်တိုင် Firmware Update လုပ်စရာမလိုပါဘူး .. iPhone ကို WiFi ချိတ်ထားပြီး AirPods Pro နဲ့ သီချင်းခဏနားထောင်လိုက်ပါ .. ပြီးရင် Case ထဲထည့်ပြီး အားသွင်းထားလိုက်ပါ

ဒါဆိုရင် သူ့ဟာသူ Firmware Update လုပ်သွားပါလိမ့်မယ် .. Firmware Update ဖြစ်မဖြစ်ကို Settings > General > About > AirPods Pro ရဲ့ Firmware Version မှာသွားရောက်ကြည့်ရှုနိုင်ပါတယ် .. 3A283 ဆိုရင် Latest Version ဖြစ်နေပြီမလို့ iOS 14 တင်ထားတဲ့ Device မှာ Spatial Audio ကိုနားထောင်နိုင်ပါပြီ

မှတ်ချက်။ ။Spatial Audio က AirPods Pro ပဲရပါတယ် .. AirPods 1, 2 မရပါ