iOS 15 ရဲ့ Feature အသစ်နဲ့ ပြောင်းလဲချက် 105 ခု

UNICODE

** မှတ်ချက် .. ဒီ Article ကို ကူးမယ်ဆိုရင် PHK Knowledge Sharing ကို Credit ပေးပါရန်**

ပြီးခဲ့တဲ့ WWDC 2021 ပွဲမှာပြသသွားခဲ့တဲ့ iOS 15 ရဲ့အသေးစိတ်အချက်အလက်တွေကိုပြောပြသွားမှာပါ .. သဘောကျတယ်ဆိုရင် share ပေးသွားပါဦးခင်ဗျ .. iOS 15 တွေဟာ iPhone 6s, SE နဲ့နောက်ပိုင်း model တွေမှာ ရရှိမှာဖြစ်ပါတယ်

လက်ရှိပြောပြသွားမယ့်အချက်တွေကတော့ iPhone 11 Pro Max ပေါ်မှာ iOS 15 Developer Beta 1 တင်သုံးကြည့်ပြီး တွေ့ရှိထားတာတွေပဲဖြစ်ပါတယ် .. Beta Version တွေတိုးလာတာနဲ့အမျှ Feature အသစ်တွေနဲ့ ရှိပြီးသား Feature တွေပေါ် Changes တွေဖြစ်လာနိုင်ပါတယ် .. ကဲ ဒီတော့စလိုက်ရအောင်

General

1. iOS 15 မှာ Wallpaper အသစ်တစ်ခုတိုးလာပါတယ်

2. Game Controller နဲ့ဂိမ်းဆော့နေရင်း ၁၅ စက္ကန့်စာ Game Play တွေကို Controller ကနေ Record လုပ်နိုင်တော့မှာပါ

3. AirPods Pro, Pro Max ပိုင်ဆိုင်ထားတဲ့လူတွေအတွက် သတင်းကောင်းပါပဲ .. Spatial Audio ကို Support မပေးတဲ့ Video, Audio တွေနားထောင်ရင်တောင် Spatial Audio လို Effect မျိုးရဖို့ Software နဲ့ပြုပြင်ပေးမယ့် “Spatialise Stereo” feature အသစ်ပါဝင်လာပါတယ်

4. iOS 15 မှာ Drag & Drop က်ို Support ပေးပါပြီ

5. 5G အသုံးပြုထားတဲ့ iPhone 12 Series တွေမှာ WiFi ကသုံးလို့မရအောင်နှေးနေရင် 5G ကို Automatic Change ပေးမယ့် Feature ပါဝင်လာပါတယ်

6. VoiceOver မှာ Support လုပ်တဲ့ Language အသစ်တွေတိုးလာပါတယ်

7. စာရိုက်နေရင်း Edit လုပ်ချင်တဲ့အခါ Cursor ကို ဖိထားလိုက်ရင် View အကြီးနဲ့ပြသပေးမှာဖြစ်လို့ ပိုမိုလွယ်ကူသွားမှာပါ

8. QuickPath အတွက် Support လုပ်တဲ့ Language အသစ်တွေလည်းတိုးလာပါတယ်

9. Settings ရဲ့ပုံစံဟာပြောင်းလဲသွားပါတယ် .. အရင်က Settings ထဲက Option တွေက Screen အပြည့်နေရာယူခဲ့တာဖြစ်ပြီး iOS 15 မှာတော့ edge-to-edge မဟုတ်တော့ပါဘူး

10. Date & Time Picker အတွက်လည်း ပုံစံပြောင်းသွားခဲ့ပြီး Wheel-style လှည့်လို့ရသလို Keyboard နဲ့လည်းရိုက်ထည့်လို့ရပါပြီ

11. Spotlight Search ဟာအရင်ထက်ပိုပြီး Content တွေကိုပိုမိုပြသလာနိုင်ပြီး Lock Screen ကနေပါ Spotlight Search ကိုအသုံးပြုလို့ရပါပြီ .. ဒါ့အပြင် App တွေကို Download, Delete လုပ်တာတွေကအစ Spotlight Search မှာတင်လုပ်လို့ရလာပါတယ်

12. Wallet App ထဲမှာလည်း ယာဥ်မောင်းလိုင်စင်တွေထည့်သွင်းထားနိုင်ပါပြီ (US Only at the moment)

13. Wallet App ထဲမှာ Expire ဖြစ်သွားတဲ့ Pass တွေကိုလည်း Auto Hide ပေးပါတယ်

14. Siri ဟာလည်းအင်တာနက်မလိုတဲ့လုပ်ဆောင်ချက်တွေကို Internet မပါပဲခိုင်းလို့ရပါပြီ .. ဥပမာ Alarm ပေးခိုင်းတာ, App အဖွင့်အပိတ်လုပ်ခိုင်းတာ စသဖြင့်

15. Translate App ဟာ System-wide ဖြစ်သွားပြီမို့လို့ ကြိုက်တဲ့ App က Text တွေကို Translate လုပ်ပေးနိုင်ပါပြီ

16. မတူညီတဲ့ App တွေအတွက် မတူညီတဲ့ Text Size ထားထားလို့ရပါပြီ

17. App Page တွေကိုလည်း App တွေရွှေ့ပြောင်းစရာမလိုပဲ Rearrange လုပ်လို့ရပါပြီ

Camera & Photos

18. Camera App icon ဟာအနည်းငယ်ပြောင်းလဲသွားပါတယ်

19. QuickTake နဲ့ Video ရိုက်နေတဲ့အချိန် Zoom ဆွဲလို့ရပါပြီ

20. လက်ရေးနဲ့ရေးထားတာဖြစ်ဖြစ်, စာရိုက်ထားတာဖြစ်ဖြစ် ရေးထားတဲ့စာပေါ်ကို Camera နဲ့ချိန်လိုက်တာနဲ့ iPhone ကအလိုအလျောက် စာတွေကို Detect လုပ်ပြီး အဲ့စာတွေကို Copy, Paste လုပ်လို့ရရုံသာမက Translate ပါလုပ်နိုင်ဦးမှာဖြစ်ပါတယ် .. ဒီ Feature ဟာ App တိုင်းမှာအလုပ်လုပ်မှာဖြစ်ပါတယ် (ဥပမာ – Facebook မှာစာရေးနေရင်း Text From Camera ကိုနှိပ်လိုက်ပါက ရေးထားတဲ့စာတွေကို Camera နဲ့ချိန်လိုက်ရုံနဲ့ Copy Pase လို့ရသွားမှာပါ) .. အဲ့စာတွေထဲမှာ ဖုန်းနံပါတ်ပါဝင်လာခဲ့ရင် တခါတည်းဖုန်းခေါ်လို့ရဦးမှာဖြစ်ပါတယ်

21. Photos App ထဲမှာရှိတဲ့ Photo တွေရဲ့ Metadata ခေါ် Exif Data ကိုလည်း ကြည့်ရှုလို့တော့မှာပါ

22. Live နဲ့ရိုက်ထားတဲ့ဓာတ်ပုံတွေကို တခြား Effect ပြောင်းရာမှာ လွယ်လွယ်ကူကူပြောင်းလို့ရပါပြီ .. အောက်ကပုံကိုကြည့်ပါ

23. Photos တွေကို Edit လုပ်ဖို့ Markup ကိုအသုံးပြုတဲ့အခါမှာလည်း iOS 14 တုန်းကလို 3 Dots ကိုနှိပ်ပြီးမှ Markup ကိုတဆင့်သွားစရာမလိုပဲ Markup ကိုတန်းသွားလို့ရတဲ့အတွက် ပိုပြီး Convenient ဖြစ်လာပါတယ်

24 . Markup ကနေ Photo Description တန်းထည့်လို့ရပါပြီ .. Photos တွေကို Search လုပ်ရာမှာ Description နဲ့ရှာရင်ပိုမိုမြန်ဆန်လာမှာဖြစ်ပါတယ်

25. Photos အတွက်အပြောင်းလဲဆုံးနေရာကတော့ For You ပဲဖြစ်ပါတယ် .. ဒီနေရာမှာ Auto Create လုပ်ထားတဲ့ Memory တွေကိုမြင်တွေ့ရမှာဖြစ်ပြီး ဒီ Memory တွေကို ကိုယ့်စိတ်ကြိုက် Filter တွေသုံးပြီးပြင်ဆင်လို့ရသလို Apple Music ထဲကသီချင်းတွေနဲ့လည်းအစားထိုးလို့ရပါတယ် .. Apple ကလည်း For You အတွက် Music, Filter တို့နဲ့လိုက်ဖက်မယ့် ဓာတ်ပုံတွေကို Machine Learning နဲ့ရွေးချယ်ပြီးအသုံးပြုပေးထားပါတယ်

26. Memory ထဲမှာကိုယ်မပါစေချင်တဲ့လူပါလာရင် အဲ့လူပါတဲ့ Photos တွေကို Memory ထဲမပါအောင်ရွေးချယ်ထားလို့ရပါပြီ

Weather

27. Weather App icon ကို Flip လုပ်ထားသလိုပြောင်းလဲထားပါတယ်

28. Weather App ကိုလုံးဝ Redesign လုပ်ထားတာဖြစ်ပါတယ် .. မိုးရွာနေတဲ့အချိန် မိုးစက်လေးတွေက Bounce ဖြစ်နေမှာဖြစ်ပြီး တခြား Weather အခြေအနေတွေအတွက် UI အသစ်တွေထည့်သွင်းပေးထားပါတယ်

29. Weather App ထဲမှာတင် Weather Maps ဆိုတာပါဝင်လာပြီး တကမ္ဘာလုံးကနေရာတွေရဲ့ ရာသီဥတုအခြေအနေကို Map အနေနဲ့ explore လုပ်နိုင်မှာဖြစ်ပါတယ်

30. Weather App ဟာ Hourly Forecast တွေပြပေးနိုင်သလို Tile ပုံစံ UI တွေနဲ့လည်းပြသပေးနိုင်ဦးမှာပါ

31. မိုးရွာတာ နှင်းကျတာတွေအတွက်လည်း Notification ပြသပေးတော့မှာဖြစ်ပါတယ်

Privacy

32. iOS 15 မှာ Secure Paste လို့ခေါ်တဲ့ Feature အသစ်တစ်မျိုးပါဝင်လာပါတယ် .. Secure Paste ဟာ သင် Copy, Paste လုပ်တဲ့ Content တွကို Developer တွေက Track လုပ်လို့မရအောင် ကာကွယ်ပေးတဲ့ Privacy Feature အသစ်ပါ

33. Mail App အတွက်လည်း Mail Privacy Protection ပါဝင်လာပါတယ် .. Mail ပို့သူတွေဟာ သင့် IP ကိုမြင်ရမှာမဟုတ်သလို သင်ဘယ်အချိန် Mail ဖွင့်ဖတ်လဲဆိုတဲ့ Activity တွေလည်းသိရတော့မှာမဟုတ်ပါဘူး

34. Record App Activity ဆိုတဲ့ Feature အသစ်ကတော့ 7 ရက်အတွင်း Mic, Camera, Location စတဲ့ Data တွေကို Access လုပ်ခဲ့တဲ့ App တွေ Website တွေကို အကြိမ်အရေအတွက်နဲ့တကွ မှတ်တမ်းတင်ပေးထားမှာဖြစ်ပါတယ်

35. Nearby Interactions ဆိုတဲ့ Feature အသစ်လေးပါဝင်လာပြီး အဲ့တာကတော့ဘာတွေလုပ်ဆောင်ပေးမယ်ဆိုတာ တိတိကျကျမသိရှိရသေးပါဘူး

36. Settings > Passwords မှာ Two Factor Authentication တွေထည့်သွင်းထားလို့ရပါပြီ .. ဒါကြောင့် Google Authenticator တို့လို App တွေမလိုတော့ပါဘူး

iCloud+ & FindMy

37. ဖုန်းအသစ်ကို Data ရွှေ့ပြောင်းချင်သူတွေအတွက် အရင်ဖုန်းအဟောင်းက Data တွေကို iCloud ပေါ်မှာ Free Backup ပေးလုပ်ပါပြီ​.. Data ဘယ်လောက်များများလုပ်လို့ရပါတယ် .. ပြီးရင် ၃ ပတ်အတွင်း အဲ့ Data တွေကို ဖုန်းအသစ်ကိုပြောင်းပေးရပါမယ် .. ဖုန်းအသစ်ဝယ်တဲ့လူတွေအတွက် iCloud Storage ကို ၃ ပတ်တာငှားတဲ့သဘောပါ

38. iCloud+ ဟာ သင့် IP နဲ့ Activity တွေကို Track လုပ်လို့မရအောင် Private Relay တွေအသုံးပြုပြီးကာကွယ်ပေးတော့မှာဖြစ်ပါတယ် .. VPN နဲ့လုပ်ဆောင်ချက်ဆင်တူပါတယ်

39. iCloud+ Subscriber တွေအနေနဲ့ Email ကိုကိုယ့်စိတ်ကြိုက် Domain Name ထားပြီးအသုံးပြုလို့ရပါပြီ .. Free ပေးမှာပါ

40. Apple ID Recovery အတွက် Trusted Contact တွေထည့်ထားလို့ရသလို ကိုယ်သေသွားတဲ့အခါ ကိုယ့် iCloud Data တွေကို Access လုပ်လို့ရမယ့် Legacy Contact ပါထည့်သွင်းထားလို့ရပါပြီ

41. AirPods Pro နဲ့ Pro Max တွေကို ပျောက်သွားရင် FindMy ကနေရှာလို့ရတာဟိုးအရင်ကတည်းကပါ .. ဒါပေမယ့်အရင်တုန်းက Bluetooth Range အတွင်းပဲရှာလို့ရတာဖြစ်ပြီး iOS 15 မှာတော့ ဘယ်နေရာမှာပျောက်ပျောက်ရှာလို့ရပါပြီ

42. iOS 15 မှာ iPhone က ပါဝါပိတ်နေရင်တောင် Find My ကနေရှာလို့ရပါပြီ

43. iOS 15 မှာ iCloud ကနေ Erase လုပ်ပြီးတာတောင် Location Tracking ဆက်လုပ်လို့ရနေဦးမှာဖြစ်ပါတယ်

44. AirTag နဲ့ချိတ်ထားတဲ့ပစ္စည်းတွေဟာ ကိုယ်နဲ့ဝေးဝေးရောက်သွားရင် Notification ပြပေးနိုင်မယ့် Notify when left behind ဆိုတဲ့ Feature အသစ်လည်းပါဝင်လာပါတယ်

Notifications

45. Notification ဝင်လာတဲ့ UI အသစ်ပြောင်းသွားပါတယ်

46. Notification Summary ဆိုတာပါဝင်လာပြီး ဒီဟာကတော့ သင်သိပ်မသုံးတဲ့ App တွေရဲ့ Noti ကိုစုပြီး တနေ့မှာ ဘယ်နှကြိမ်ပဲဖော်ပြဖို့ Setup လုပ်ထားလို့ရတာပဲဖြစ်ပါတယ် .. တော်တော်လေးမိုက်ပါတယ် .. Noti တွေ ရှုပ်ပွမနေတော့ပါဘူး

47. Notification Settings ထဲမှာလည်း Announce Messages with Siri အစား Announce Notifications ဆိုပြီးပြောင်းလဲသွားပါတယ်

48. Lockscreen  မှာပြတဲ့ Notifiation ပုံစံတွေဟာလည်း အနည်းငယ်ပြောင်းလဲသွားပါတယ် .. Notification Centre ကနေ Notification တွေ Manage လုပ်ရတာပိုမိုလွယ်ကူသွားပါတယ်

Widgets

49. AppStore, Contacts, FindMy, Game Centre, Mail, Sleep တို့အတွက် Widget အသစ်တွေပါဝင်လာပါတယ်

50. Files Widget ဟာ Transparent ပိုဖြစ်သွားပါတယ် .. အကောင်းဆုံးဖြစ်လာတဲ့တစ်ချက်က ကိုယ်ကြိုက်တဲ့ Folder ကို ရွေးထားလို့ရတာပဲဖြစ်ပါတယ်

51. Smart Stack Page ကိုလည်း Redesign လုပ်ထားတာဖြစ်လို့ ပိုပြီးကြည့်ကောင်းလာပါတယ်

FaceTime

52. FaceTime ကို လုံးဝ Redesigned လုပ်ထားတာဖြစ်ပြီး ဝင်ဝင်ချင်းမှာ FaceTime Calls တွေကို Upcoming, Today, Last Week စသဖြင့်ခွဲပေးထားမှာဖြစ်ပါတယ်

53. FaceTime ဟာ ZOOM လိုပဲ Link တွေ Create နိုင်ပြီဖြစ်သလို Android, Windows တို့ကနေပါ FaceTime ကို Join လို့ရပါပြီ

54. FaceTime Call တွေမှာ Menu Bar ဟာအပေါ်ရောက်သွားပါတယ်

55. FaceTime Call တွေကို Grid View နဲ့ကြည့်လို့ရပါပြီ

56. FaceTime Video Call တွေမှာ ကိုယ့်ပုံကို Portrait Effect ထည့်လို့ရပါပြီ

57. FaceTime call တွေမှာ နောက်ကဆူညံသံတွေကိုလျှော့ချပေးမယ့် Voice Isolation အပါအဝင် Voice Mode 3 မျိုးပြောင်းလဲအသုံးပြုနိုင်ပါပြီ

58. SharePlay ခေါ်တဲ့ Function ဟာ Netflix တို့လို Streaming Service က video တွေကို တူတူကြည့်နိုင်အောင်ဖန်တီးပေးထားတာဖြစ်လို့ LDRS တွေအတွက်အတော်အဆင်ပြေပါလိမ့်မယ် .. သီချင်းလည်းတူတူနားထောင်လို့ရပါတယ်

59. FaceTime ပြောနေရင်း iMessage ကိုတန်းသွားလို့ရတဲ့ Button လေးလည်းပါဝင်လာပါတယ်

iMessage

60. iMessage ရဲ့ညာဖက်အပေါ်ထောင့်မှာ FaceTime တန်းခေါ်လို့ရတဲ့ Button ပါဝင်လာပါတယ်

61. Memoji တွေဟာလည်း clothing, glasses, headwear, eye colours, stickers, accessories အသစ်တွေပါဝင်လာမှာဖြစ်လို့ ပိုပြီး Customize လုပ်လို့ကောင်းဦးမှာပါ

62. iMessage မှာ ပုံတွေအများကြီးပို့ရင် အထပ်လိုက်ကလေးပေါ်နေမှာဖြစ်ပြီး အဲ့ပုံတွေကို Grid View နဲ့လည်းကြည့်လို့ရဦးမှာပါ

63. iMessage မှာပုံတွေကိုတပုံချင်းလိုက် Save စရာမလိုပဲ Quick Save option ပါလာပါပြီ

64. iMessage မှာ Link တွေကို Pin လုပ်ထားလို့ရပြီး Shared For You ဆိုတဲ့ Section မှာသွားပေါ်နေမှာဖြစ်ပါတယ်

65. iMessage မှာ သင့်သူငယ်ချင်းပို့ထားတဲ့ News, Photos, Link, Podcasts, Apple TV, Apple Music တို့ဟာ  Shared For You ဆိုတဲ့ Section မှာသီးသန့်ဖော်ပြပေးမှာဖြစ်ပါတယ်

66. iMessage Settings မှာ Shared For You ဆိုတာပါဝင်လာပြီး မလိုအပ်ရင်သွားပိတ်ထားလို့ရပါတယ်

67. iMessage မှာဓာတ်ပုံပို့ရင် ဓာတ်ပုံတွေကိုရှာနိုင်ဖို့ Search Bar ပါဝင်လာပါတယ်

Safari

68. Safari ရဲ့ URL Bar ဟာအောက်ခြေကိုရောက်ရှိသွားပါတယ်

69. Safari မှာ Tab တစ်ခုနဲ့တစ်ခုကူးချင်ရင် Swipe လုပ်ပြီးကူးလို့ရပါတယ် ..  အပေါ်ကို Swipe လိုက်ရင်တော့ ရှိသမျှ Tab အကုန်မြင်ရမှာပါ

70. Safari မှာ Start Page အသစ်ပြောင်းသွားပါတယ်

71. Safari မှာ Privacy Report ပါဝင်လာပါပြီ .. ကိုယ့်ကိုဘယ် Website တွေက Tracking လိုက်ဖို့ကြိုးစားခဲ့လဲဆိုတာရယ် Apple ကဘယ်နှခုကို Block ခဲ့လဲဆိုတာရယ်ကိုပြပေးမှာပါ

72. Safari Start Page မှာ Background Image ပြောင်းလို့ရပါပြီ

73. Safari မှာ Tab တွေကို Group လိုက်လုပ်ထားလို့ရပါပြီ

74. Safari မှာ Share Sheet ကအသစ်ပြောင်းသွားပါတယ်

75. Safari မှာ Website တွေကို Reload လုပ်ချင်ရင် အပေါ်ကနေဆွဲချရမှာပါ .. Facebook Newsfeed refresh လုပ်သလိုပါပဲ .. Share Sheet ကနေလည်း Reload လုပ်နိုင်ပါသေးတယ်

76. Safari Settings ထဲကနေ Extensions တွေသွင်းလို့ရပါပြီ

Notes & Reminders

77. Notes နဲ့ Reminders App မှာ Tag တွေထည့်ထားလို့ရပါပြီ .. ထည့်ပြီးရင်ပြန်ရှာဖို့အတွက် Tag Browser ကနေရှာလို့ရပါတယ်

78. Reminders တွေကို ဘယ်ဖက်ကို Swipe လုပ်ပြီးဖျက်လို့ရပါပြီ

79. Reminders  မှာ Smart List ဆိုတာပါဝင်လာပြီး အချိန်, နေ့ရက်တွေပေါ်မူတည်ပြီး List ခွဲလို့ရမှာဖြစ်ပါတယ်

Do Not Disturb or Focus

80. iOS 15 မှာ Do Not Disturb ကို Focus လို့ခေါ်ပါတယ်

81. Focus မှာ Preset 4 ခုပါဝင်ပါတယ် (Do Not Disturb, Sleep, Personal, Work)

82. Focus နဲ့ Screen Mirroring တို့ဟာ Control Centre မှာ နေရာလဲထားပါတယ်

83. Focus ဟာ Mode အပေါ်မူတည်ပြီး Allow လုပ်ချင်တဲ့ App, Contact တွေကိုရွေးထားလို့ရသလို App Page တွေကိုလည်း ဘယ် Page ပဲပြမယ်ဆိုပြီး ရွေးထားလို့ရပါတယ်

84. Preset ပေးထားတဲ့ 4  ခုအပြင်ကိုယ့်စိတ်ကြိုက် Focus လည်း Create လို့ရပါတယ်

85. Change လိုက်တဲ့ Focus ရဲ့ Logo လေးကို Lock Screen မှာရော Noti Bar မှာရောပြသပေးမှာပါ

86. တကယ်လို့သင်က Focus ဖွင့်ထားလို့ Message အဝင်တွေ Noti မတက်ဘူးဆိုရင် ပို့တဲ့လူဖက်မှာပါ Focus သုံးထားလို့ Noti တက်မှာမဟုတ်ဘူးလို့ပြသပေးမှာပါ

Maps

87. Maps ကို Globe View နဲ့ကြည့်လို့ရပါပြီ

88. Maps ဟာ သစ်ပင်တွေကအစပါဝင်လာပြီး Detail ပိုကျလာပါတယ်

89. Maps မှာပါဝင်တဲ့ AR View ကြောင့် သင်ရောက်နေတဲ့ဘေးပတ်ဝန်းကျင်အဆောက်အအုံတွေကို AR နဲ့ Scan ဖတ်လိုက်ရင် သင်သွားချင်တဲ့နေရာကို Directions ပြပေးမှာဖြစ်ပါတယ်

Health

90. Health App မှာ Trends ဆိုတဲ့ Category အသစ်ပါဝင်လာပါတယ်

91. သင့်ရဲ့  Health Data တွေကို သင့်မိသားစုဝင် ဒါမှမဟုတ် Doctor နဲ့ share လို့ရပါပြီ

92. Health App မှာ Walking Steadiness ပါဝင်လာပါတယ် .. အဲ့တာကတော့ walking speed, step length, double support time, and walking asymmetry စတာတွေကအခြေခံပြီး လမ်းလျှောက်ရင်းသင်လဲကျနိုင်ချေရှိမရှိကိုတွက်ချက်ပေးတာဖြစ်ပါတယ်

ဒါတွေကတော့ iOS 15 Developer Beta 1 သုံးကြည့်ပြီးလို့တွေ့ရှိလာတဲ့ ပြောင်းလဲချက်တွေပဲဖြစ်ပါတယ်

Extra Findings

iOS 15 Beta 1 ကို တစ်ပတ်လောက်စမ်းသုံးကြည့်ပြီးမှာတော့ နောက်ထပ်တွေ့ရှိခဲ့တဲ့ Feature အသစ်နဲ့ Changes တွေကိုဒီအောက်မှာ ထပ်ထည့်ပေးသွားပါမယ်

93. iOS 14 မှာ Mask တပ်ထားရင် iPhone Face ID ကို Apple Watch နဲ့ Unlock လုပ်နိုင်တာအားလုံးအသိပါ .. iOS 15 မှာတော့ iPhone Unlock လုပ်ဖို့ Siri Request တွေကို Apple Watch သာရှိရင် Unlock လုပ်စရာမလိုပဲ ခိုင်းစေလို့ရပါပြီ

94. iOS 15 မှာ Messenger တို့, Facebook တို့, Safari တို့က ဓာတ်ပုံတွေကို Save လိုက်ပြီး နောက်တစ်ချိန်ပြန်ကြည့်ရင် အဲ့ပုံကိုဘယ် App က Save ထားတယ်ဆိုတာပြသပေးတော့မှာဖြစ်ပါတယ်

95. ဓာတ်ပုံတွေကို Share တော့မယ်ဆိုရင် Share Sheet မှာ Copy iCloud Link, Edit Date & Time, Edit Location ဆိုတဲ့ Option 3 ခုထပ်တိုးလာပါတယ်

96. Contact ထဲမှာ Message, Call, Video ဆိုတဲ့ Option 3 ခုပါတာလူတိုင်းသိပြီးသားပါ .. အဲ့ Option တွေပေါ် ကြာကြာလေးဖိထားလိုက်ရင် ခေါ်လို့ရတဲ့ 3rd-party app တွေကိုပြသွားမှာဖြစ်ပြီး အဲ့ကနေတစ်ခါတည်းခေါ်လို့ရမှာပါ (မျက်စိထဲမမြင်ရင်အောက်ကပုံကိုကြည့်ပါ)

97. သင့်အနေနဲ့ iPhone အသစ်ဝယ်ပြီးရင် Data ရွှေ့ပြောင်းဖို့ Apple က iCloud Storage လိုသလောက် GB ကို ၃ ပတ်တာငှားရမ်းမယ်လို့အပေါ်မှာ ပြောပြပြီးသားဖြစ်ပါတယ် .. အဲ့လိုလုပ်ဆောင်ဖို့အတွက် Settings > General > Reset အောက်မှာ “Prepare for New iPhone” ဆိုတဲ့ Option တစ်ခုထပ်ပါလာပါတယ်

98. Home Screen မှာရှိတဲ့ Pages တွေကို Re-arrange လုပ်နိုင်ပြီဖြစ်သလို မလိုချင်တဲ့ Page တွေကိုပါ Delete လို့ရမှာဖြစ်ပါတယ် .. Delete လိုက်တဲ့ Page မှာရှိတဲ့ App တွေကတော့ App Library ထဲအလိုအလျောက်ဝင်သွားမှာဖြစ်ပါတယ်

99. ဒီတစ်ခုကနည်းနည်းတော့ ရယ်ချင်စရာကောင်းပါတယ် .. iOS 15 မှာ App တစ်ခုတည်းရဲ့ Icon ကို ပွားထားလို့ရပါတယ် .. ဒါပေမယ့် Dual App မဟုတ်ပဲ တစ်ခုတည်းကိုပဲ ပွားထားတဲ့သဘောပါ .. iOS 15 ရဲ့ Bug လား ဒါမှမဟုတ် မတူညီတဲ့ Home Screen တွေကနေ Access လုပ်လို့ရအောင်တမင်ထည့်ပေးထားတာလားဆိုတာတော့ မသဲကွဲပါဘူး

100. Apple TV အတွက် ​Siri Remote ကိုလည်း Redesigned လုပ်ပေးထားပါတယ်

101. iOS 14 မှာ QR Code တွေ Scan ဖတ်လိုက်ရင်ထွက်လာတဲ့ Result ကို အပေါ်ကနေ Notification အနေနဲ့ပြသပေးတာဖြစ်ပါတယ် .. iOS 15 မှာတော့ QR Code အောက်ခြေနားမှာတင် Result ကိုပြသပေးတာပါ (အောက်ကပုံကိုကြည့်ပါ)

102. iPhone ကနေ Printer ကိုချိတ်ဆက်ပြီး Print ထုတ်တဲ့အခါမြင်ရတဲ့ AirPrint ကိုလည်း Redesigned လုပ်ထားပါတယ်

103. Widget ထဲမှာရှိတဲ့ Smart Stack Widget ဟာ သင်လုပ်နေကျအလုပ်တွေကို Recommend ပေးပါတယ် .. ဥပမာ ညနေ ၆ နာရီမှာ သင် Facebook သုံးလေ့ရှိတယ်ဆိုရင် ညနေ ၆ နာရီမှာ Facebook သုံးဖို့ Recommend လုပ်ပေးမှာဖြစ်ပါတယ်

104. Apple TV App ထဲမှာ Playback Speed ကိုလိုသလိုချိန်ညှိလို့ရပါပြီ

105. FaceTime မှာသင်ဟာ Mute ထားပြီးစကားတွေပြောနေမယ်ဆိုရင် Unmute လုပ်ဖို့သတိပေးမှာဖြစ်ပါတယ်